Eleven Media Group

■ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တိုက်ခန်းအတွင်း တစ်ဦးတည်း နေထိုင်သည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပုပ်ပွသေဆုံး

photo - အနာဂတ်အလင်းတန်းပရဟိတအသင်း

စမ်းချောင်းမြို့နယ်ရှိ နေအိမ်တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ပုပ်ပွသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၉ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် သုခမိန်လမ်းရှိ နေအိမ်တိုက်ခန်းအတွင်း အမျိုးသမီးကြီးတစ်ဦး ပုပ်ပွသေဆုံးနေကြောင်း သတင်းရသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သွားရောက်ခဲ့သည်။

အသက် ၈၀ နှစ်အရွယ်ဝန်းကျင်ဖြစ်သည်ဟု ကနဦး သိရပြီး သေဆုံးသူမှာ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ စုံစမ်းသိရှိရသည်။

"နေအိမ်မှာ တစ်ယောက်တည်းနေတာလို့ ကနဦး သိရတယ်။အဲ့မှာ နေတာကြာပြီလို့လည်း သိရသည်။ပတ်ဝန်းကျင်က ပြောစကားအရ သိရတာပါ။ ဘယ်လောက်အချိန်ကြာပြီလဲဆိုတာတော့ မသိရပါဘူး။ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်"ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group