Eleven Media Group

■ အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ရန် သတ်မှတ်ချက်အား ပယ်ဖျက်

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ရန် သတ်မှတ်ချက်အား ပယ်ဖျက်​ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ယ​​နေ့(အောက်တိုဘာ ၁ဝ)တွင် ထုတ်ပြန်သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်းတွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

အထက်ပါ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာချက်အား ယနေ့မှစ၍ ပယ်ဖျက်​ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group