Eleven Media Group

■ အဆိုတော် ဆက်နိုင်အသတ်ခံရပြီး သေဆုံးသည်ဆိုသည့်သတင်းများမှာ မှားယွင်းပြီး နေအိမ်သို့  အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောကြား

အဆိုတော် ဆက်နိုင်သတ်ခံရပြီး သေဆုံးသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းမှာ မှားယွင်းကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၉ ရက်နေ့ည ရနာရီက ရဲတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့၊ တံတားဦးမြို့နယ်တွင် နေထိုင်သည့် အဆိုတော် ဆက်နိုင်ဆိုသူသည် အမရပူရမြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်ကြားရှိ ရန်ကုန်-မန္တလေး အမြန်လမ်း၊ တံတားဖြူတံတားအောက်ရှိသံလမ်းတွင် သတ်ခံရပြီးသေဆုံးခဲ့သည့်သတင်းများ အောက်တိုဘာလ၉ရက်နေ့ နံနက်ပိုင်းမှစတင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

အွန်လိုင်းပေါ်တွင် ပုဂ္ဂိုလ်ရေးကိစ္စများ အပြန်အလှန်ရေးသားကြပြီးနောက် ယခုကဲ့သို့ အသတ်ခံရသည့်သတင်းထွက်ပေါ်လာသဖြင့် မန္တလေးတိုင်းရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးရှာဖွမှုများပြုလုပ်ခဲ့ပြီး ညနေ၆နာရီကျော်တွင် ၎င်း၏နေအိမ်သို့ ပြန်ရောက်ပြီဖြစ်​ကြောင်း တိုင်းရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။

" အိမ်ကနေပျောက်သွားတာ ရရက်နေ့ကပါ။ဘယ်လိုဖြစ်လို့ပျောက်တယ် အဆက်သွယ်မရတာတော့ မသိသေး ဘူး။ ဒီကနေ့ ညနေ ၆နာရီ၂ဝမိနစ်မှာ တံတားဦးက သူ့အိမ်ကို ပြန်ရောက်နေပါပြီ။ မိခင်ဖြစ်သူက သီလရှင်ဝတ်နေတာပါ။ အခုတော့ ရဲတပ်ဖွဲ့စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်"ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။


#elevennews #အဆိုတော် #ဆက်နိုင်

မူရင်းသတင်း — Eleven Media Group