
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း မင်းလမ်းတွင် ညပိုင်းအချိန် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးမှု အောက်တိုဘာ ၁၁ ရက်ညပိုင်းက ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၁ ရက် ည ၁၂ နာရီခန့်တွင် မင်းလမ်းတွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရကာ သေဆုံးခဲ့ရကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းသူကို ဖမ်းဆီးရမိကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတွင် မကြာခဏ ယာဉ်တိုက်မိမှုဖြစ်ပွားကာ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းတွင်လည်း မင်းလမ်းတွင် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။