Myanmar National Post

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ် တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၁၃

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်ကို အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်နှင့်အဖွဲ့ တက်ရောက်သည်။

ထို့ပြင် ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်တွင် ပူးတွဲကျင်းပသည့် (၆)ကြိမ်မြောက် ရုရှား-အာဆီယံ Dialogue on ICT Security Related Issues ဆွေးနွေးပွဲသို့ အာဆီယံကိုယ်စားပြု၍ မြန်မာနိုင်ငံမှပူးတွဲဥက္ကဋ္ဌအဖြစ် တက်ရောက်ဆွေးနွေးခဲ့ပြီး e-Governance Knowledge Sharing စားပွဲဝိုင်းဆွေးနွေးပွဲအစီအစဉ်တွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်။ 

အလားတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့်မီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Alexander Shoitov နှင့်တွေ့ဆုံ၍ Digital Government စနစ်များ၊ Cyber Security ဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သော Human Resource Development ဆိုင်ရာ Technology Training ကိစ္စရပ်များစသည့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။ 

အဆိုပါ ကမ္ဘာ့ဒီဂျစ်တယ်ဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်၊ သတင်းအချက်အလက်နည်းပညာရှင် ၁၀၀၀ ကျော်နှင့် ထိပ်တန်းနည်းပညာကုမ္ပဏီ ၅၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post