Myanmar National Post

လယ်ယာမြေကို ဝယ်ယူပြီး ခွင့်ပြုချက်ရယူခြင်း မရှိဘဲ မူကြိုကျောင်းဆောက်လုပ်ထားမှုအား မြို့နယ်တာဝန်ရှိသူများ သွားရောက် သွားမြစ်




ရန်ကုန်၊ အောက်တိုဘာ ၁၃

ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တက်သစ်ကျေးရွာ၊ ကွင်းအမှတ်(၃၆၂)၊ တပ်ရွာကွင်း၊ ဦးပိုင်အမှတ်(၅/၁) လယ်ယာမြေအား ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဝင်း ထံမှ ဦးမင်းစိုး လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) နေသူမှ ငွေကျပ် (၄၂၀) သိန်းကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၂၅ခုနှစ်မှ စတင်၍ အဆိုပါ မြေပေါ်တွင် ခွင့်ပြုချက်မဲ့ အလျား ၈၀ပေ၊ အနံ ၃ဝပေ အရွယ်အစား steel structure အမျိုးအစား တစ်ထပ်တိုက်အား ဆောက်လုပ်ခဲ့ပြီး ၂၀၂၆ခုနှစ် အောက်တိုဘာလ ၅ရက်နေ့ တွင် ပြီးစီးခဲ့ကြောင်း၊ အလျား ၁၀၀ပေ၊ အနံ၆၀ပေ အကျယ်အဝန်းရှိ အဆိုပါအဆောက်အဦးအား ကောင်းသောမြေ(၂) အမည်ဖြင့် မူကြိုကျောင်းဖွင့်လှစ်ရန် လုပ်ဆောင်နေပြီး သက်ဆိုင်ရာ ဌာနများသို့ လိုင်စင်၊ ခွင့်ပြုမိန့် တစ်စုံတစ်ရာ တင်ပြတောင်ခံမှုမရှိခြင်းကြောင့် မြို့နယ်တာဝန်ရှိသူများက ခွင့်ပြုချက်တင်ပြပြီးမှသာ လုပ်ဆောင်ရန် သွားရောက်တားမြစ်ထားကြောင်း သိရသည်။

၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၃၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တက်သစ်ကျေးရွာ၊ ကွင်းအမှတ်(၃၆၂)၊ တပ်ရွာကွင်း၊ ဦးပိုင် အမှတ်(၅/၁)ရှိ အလျား ၈၀ပေ၊ အနံ ၃ဝပေ အရွယ်အစား steel structure အမျိုးအစား တစ်ထပ်တိုက် အဆောက်အဦးတွင် ပိုင်ရှင်ဖြစ်သူ ဦးမင်းစိုး မှ ကိုရီးယားနိုင်ငံသား LEE YOUNG CHOUNI ၊ PP no- M304B3767 ၊ လှိုင်မြို့နယ်၊ LOTTE HOTEL တည်းခိုနေထိုင်သူ အပါအဝင် ကိုရီးယား နိုင်ငံသား ကျား (၇)ဦး တက်သစ်ကျေးရွာအတွင်းရှိ ပြည်သူများ၊ ကောင်းသောမြေ(၁) မူကြို ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့်ဖြင့် ခွင့်ပြုချက် တစ်စုံတစ်ရာ တင်ပြတောင်းခံ ခြင်းမပြုဘဲ ခွင့်ပြုချက်မဲ့ ကောင်းသောမြေ(၂) အမည်ဖြင့် မူကြိုကျောင်းဖွင့်ပွဲပြုလုပ်ခြင်း တက်ရောက်လာ သူများအား နေ့လည်စာ ကျွေးမွေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးခင်ဆွေ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူလွင် ဦးစီးအဖွဲ့တို့ အဖွဲ့မှ သွားရောက်မေးမြန်းခဲ့ရာ ဦးမင်းစိုး နှင့် ကိုရီးယားနိုင်ငံသား LEE YOUNG CHOUN အပါအဝင် ကိုရီးယား နိုင်ငံသား ကျား (၇)ဦးတို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာ တင်ပြတောင်းခံ ခြင်းမပြုဘဲ ခွင့်ပြုချက်မဲ့ ဆောင်ရွက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရန်နှင့် ပြုလုပ်လိုပါက ခွင့်ပြုချက်ရယူ ဆောင်ရွက်ပြီးမှသာ လုပ်ကိုင် ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးမှ ခွင့်ပြုချက် တောင်းခံစာ တင်ပြထားခြင်းမရှိ၍ ပြုလုပ်ခွင့် မပြုကြောင်းအား ရှင်းလင်းပြောကြားခဲ့ရာ အဆိုပါ ကိုးရီးယားနိုင်ငံသား LEE YOUNG CHOUNI ဦးဆောင်သော အဖွဲ့မှ နားလည်သဘောပေါက် လက်ခံ၍ ပြန်သွားကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post