
အောက်တိုဘာ - ၁၄ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန် အထက်လွှတ်တော်အမတ် ၁၂ ဦးပါတဲ့ ပါတီစုံအုပ်စုတစ်စုက သမ္မတ ဒေါ်နယ်ထရမ့်ကို ရုရှားနိုင်ငံနဲ့ လုပ်ဆောင်ထားတဲ့ ဒီဇယ်ဆီ သဘောတူညီချက်ကို စွန့်လွှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ဟာ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုကို အထောက်အကူ မဖြစ်စေတဲ့အပြင် ယူကရိန်းနိုင်ငံကို သစ္စာဖောက်ရာရောက်တယ်လို့ သူတို့က ထောက်ပြပြောဆိုခဲ့ကြပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က ကြေညာခဲ့တဲ့ ရုရှားဒီဇယ်ဆီ တင်ပို့မှုအပေါ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းနဲ့ အမေရိကန်ရဲ့ ဥရောပ မဟာမိတ်တွေ အံ့အားသင့် သွားခဲ့ရပြီး သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းစကီးတို့ကြား လူသိရှင်ကြား ဝေဖန်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားစေခဲ့ပါတယ်။
နိုဝင်ဘာလမှာ ကွန်ဂရက်လွှတ်တော် ထိန်းချုပ်မှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ ရီပတ်ဗလစ်ကန်တွေ အတွက် အခုလို အငြင်းပွားမှုတွေက အချိန်ကိုက် ဖြစ်လာခဲ့တာပါ။
အင်္ဂါနေ့က ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ အထက်လွှတ်တော်အမတ်တွေက “မော်စကိုမြို့ကို ကမ္ဘာ့ဈေးကွက်မှာ ရုရှားဒီဇယ်ဆီတွေကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက်တာဟာ အမေရိကန်ရဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေပြီး ယူကရိန်းပြည်သူတွေကို သစ္စာဖောက်ရာ ရောက်ပါတယ်” လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီလုပ်ရပ်ဟာ “လောင်စာဆီဈေးနှုန်းအပေါ် သက်ရောက်မှု အလွန်နည်းပါးလိမ့်မယ်” ဖြစ်ပြီး ရုရှားအတွက်ကတော့ ယူကရိန်းစစ်ရေးစစ်ဆင်ရေးတွေကို ထောက်ပံ့ဖို့နဲ့ “တရုတ်၊ အီရန်၊ မြောက်ကိုရီယားတို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွယ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့” ငွေကြေးတွေ ရရှိသွားစေလိမ့်မယ်လို့ ဆိုပါတယ်။
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ထောက်ပံ့ဖို့ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တော်တွေကိုပါ “အန္တရာယ်ကျရောက်စေနိုင်ပါတယ်” လို့ အထက်လွှတ်တော်အမတ်တွေက ရေးသားခဲ့ကြပါတယ်။
REF: RT
#News #Myanmar