Myanmar National Post

သန်လျင်ရေနံချက်စက်ရုံသစ် ဖွင့်လှစ်၊ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် စွမ်းအင်ဖူလုံရေး လမ်းညွှန်မှာကြား

 


ရန်ကုန်၊ အောက်တိုဘာ ၁၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံစီမံကိန်း (အပိုင်း ၁) ရေနံချက်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေနံစိမ်းကုန်ကြမ်းဖူလုံရေး၊ ပြည်ပစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးတိုအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။ 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များမှာ -

ရေနံချက်စက်ရုံ ရေရှည်အောင်မြင်ရေး

ကုန်ကြမ်းဖူလုံမှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်ပြီး စက်ရုံလည်ပတ်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရန်။


ပြည်တွင်းရေနံထုတ်လုပ်မှုနှင့် ကုန်ကြမ်းဖူလုံရေး

ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်၍ AI အပါအဝင် ခေတ်မီနည်းပညာများဖြင့် ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရရှိရေးအတွက် ဆက်လက်ညှိနှိုင်းရန်။


စီမံကိန်းအပိုင်း (၂) အကောင်အထည်ဖော်ရေး

တိုးချဲ့ရေနံချက်စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်၍ အဆင့်မြင့်စက်သုံးဆီနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်။


ပြည်ပမှီခိုမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး

ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်၍ ပြည်ပတင်သွင်းမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်၊ ထုတ်လုပ်မှုမှ ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲရန်။


 စွမ်းအင်လုံခြုံရေးနှင့် ခေတ်မီနည်းပညာ အသုံးချရေး

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပေါင်းစပ်အသုံးပြု၍ စွမ်းအင်ချွေတာရေး ဆောင်ရွက်ရန်၊ Digital၊ Automation နှင့် AI နည်းပညာများဖြင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ပြီး ပြည်တွင်းကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်။


လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

စက်ရုံလည်ပတ်မှုတွင် မီးဘေးနှင့် အရေးပေါ်အန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာရေး အလေးထားဆောင်ရွက်ရန်။

နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။


ဓာတ်ပုံ - ပုံဟောင်း

#Myanmar #News

မူရင်းသတင်း — Myanmar National Post