Myanmar National Post

ကျိုက်ထိုမြို့ရှောင်လမ်း မူလ (7.31)m မှ (14.63)m အကျယ်သို့ လမ်းချဲ့ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး






ကျိုက်ထို၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထိုမြို့ရှောင်လမ်းအား မူလအကျယ် (7.31)m မှ (14.63)m အကျယ်သို့ တိုးချဲ့ဆောင်ရွက်ခြင်း၊ Design ပါအတိုင်း ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းနှင့် Road Safety Facilities များ ဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ကျိုက်ထိုမြို့ရှောင်လမ်း လက်ယာဘက်ခြမ်းတွင် အရှည် (75)m ၊ အမြင့် (2.945) mရှိ Toe Wall နှင့် Retaining Wall တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လမ်းချဲ့ထွင်ခင်းကျင်းဆောင်ရွင်နေမှု အခြေအနေများ၊ လမ်းအကျယ်အဝန်း၊ Road Safety Facilities များ တပ်ဆင်ထားရှိမှုအခြေအနေနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ထားသည့် Retaining Wall နှင့် Toe Wall တို့၏ ကြံ့ခိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းခွင်အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိစေရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post