Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆-၂၀၂၇ ခုနှစ် စူပါအယ်လ်နီညို အခြေအနေတွင် ရန်ကုန်မြို့တော် ရေလုံလောက်စွာပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ










ရန်ကုန်၊ အောက်တိုဘာ ၁၅

၂၀၂၆-၂၀၂၇ ခုနှစ် စူပါအယ်လ်နီညို အခြေအနေတွင် ရန်ကုန်မြို့တော် ရေလုံလောက်စွာ ပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၁၆) ထပ်ရုံးတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ခုနှစ် စူပါအယ်လ်နီညို အခြေအနေတွင် ရန်ကုန်မြို့တော် ရေလုံလောက်စွာ ပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များက အသီးသီး ဆွေးနွေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ခုနှစ် စူပါအယ်လ်နီညို အခြေအနေတွင် ရန်ကုန်မြို့တော် ရေလုံလောက်စွာ ပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post