
အောက်တိုဘာ - ၁၅ ( ကြာသပတေးနေ့ )
ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ (အီးယူ) ထဲ လက်ခံလိုက်တာဟာ အဖွဲ့ကြီးအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲဖြစ်ပြီး ပြင်သစ်နိုင်ငံကိုလည်း ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ် လို့ ပြင်သစ်လက်ယာစွန်း နိုင်ငံရေးသမား မာရင်း လီပင် က ဂျပန်ရိုးရာစကားလုံး (ဟာရာကီရိ) ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကို တင်စားပြီး သတိပေးလိုက်ပါတယ်။
လီပင်ဟာ ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေမှုတွေကို အမြဲတမ်းလိုလို ဝေဖန် ကန့်ကွက်ခဲ့သူဖြစ်ပြီး ကိယက်ဗ် အစိုးရဆီကို ပြင်သစ်ရဲ့ တိုက်ရိုက်အကူအညီတွေကို ရပ်တန့်မယ် လို့ အကြိမ်ကြိမ် ကတိပြုထားသလို အီးယူ တစ်ခုလုံးရဲ့ အကူအညီတွေကိုလည်း သိသိသာသာ ဖြတ်တောက်ဖို့ တောင်းဆိုထားသူ ဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ လူထုစစ်တမ်းတွေအရ လီပင်ဟာ ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲ မှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒုတိယအဆင့် မဲခွဲမှုတွေမှာလည်း လက်ဝဲနဲ့ အလယ်အလတ် ပါတီတွေဘက်က ပြိုင်ဘက်အားလုံးကို အနိုင်ယူသွားဖို့ ရှိနေပါတယ်။
လီပင်က ဖနန်ရှယ်တိုင်းမ် သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို မှတ်ချက် ပေးခဲ့တာဖြစ်ပြီး ယူကရိန်းရဲ့ အီးယူအဖွဲ့ဝင်ဖြစ်လာဖို့ ရည်မှန်းချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ပါတယ်။ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် သွပ်သွင်းလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ နဲ့ အတူတူပဲဖြစ်ပြီး ကြီးမားတဲ့ စီးပွားရေး ဆုံးရှုံးမှုတွေနဲ့အတူ ပြင်သစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိခိုက်ဆုံးရှုံးစေမယ့် အခြေအနေတွေ ဖြစ်ပေါ်လာစေလိမ့်မယ်လို့ လီပင်က ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar