Eleven Media Group

ရုရှားတွင် သူလျှိုလှုပ်ရှားမှုများ လုပ် ဆောင်နေခြင်းမရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား

ရုရှားတွင် သူလျှိုလှုပ်ရှားမှုများ လုပ် ဆောင်နေခြင်းမရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ တွင် ဂျပန်ဂျာနယ်လစ်တစ်ဦး သူလျှိုလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နောက် ရုရှား၏ စွပ်စွဲချက်များကို တာကာအီ ချီက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

"သူလျှိုလုပ် တယ်ဆိုတာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံသား တွေကို ကာကွယ်ပေးရေးဟာ လက်ရှိအချိန် မှာ အရေးအကြီးဆုံးကိစ္စပါ။ ကျွန်မတို့ အဲဒီ ကိစ္စကိုအာရုံစိုက်လုပ်ဆောင်နေပါတယ်" ဟု ရုရှား၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် တာကာအီချီက ပြော ကြားခဲ့သည်။

ရုရှားသည် မကြာသေးမီနှစ်များ အတွင်းက မိတ်ဆွေမဆန်သော နိုင်ငံများဟု သုံးနှုန်းထားသည့် နိုင်ငံများမှ နိုင်ငံသားအချို့ ကို အနောက်နိုင်ငံများ၏ ထောက်လှမ်းရေး အဖွဲ့များအတွက် သူလျှိုလုပ်ပေးမှုဖြင့် စွပ်စွဲ ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနကမူ ဂျပန်၏ ဟော့ကိုင်းဒိုး ရှင်ဘန်း သတင်းစာမှ သတင်းထာက်ယူကီ အီမာအီကို ဖမ်းဆီးထားကြောင်း အောက်တို ဘာ ၁၃ ရက်က ဖော်ပြခဲ့ပြီး သူသည် ရုရှား နယ်နိမိတ်ပေါ်တွင် အဖျက်အမှောင့်လှုပ်ရှား မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲခံထားရ သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန့် ကျင်ကန့်ကွက်ကြောင်း ပြသရန်အတွက် ဂျ ပန်အစိုးရက ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ ပြီး ဖမ်းဆီးခံထားရသည့် သတင်းထောက်ကို တရားမျှတစွာ ဆက်ဆံရန် တိုက်တွန်းခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group