Eleven Media Group

ဆော်ဒီ၏ လေဆိပ်များနှင့် စွမ်းအင်စက်ရုံများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဟူရ်သီအဖွဲ့ ‌ပြောကြား

ဆော်ဒီအာရေဗျနိုင်ငံ၏ လေဆိပ်များ နှင့် စွမ်းအင်စက်ရုံများကို ဆက်လက်တိုက် ခိုက်သွားမည်ဟု ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့သည် ဆော်ဒီ၏လေဆိပ်များနှင့် Saudi Aramco ရေနံကုမ္ပဏီ၏ ဌာနချုပ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့သည့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တစ်ရက်အကြာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟူရ်သီအဖွဲ့က တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် နေရာများသည် တရားဝင်စစ်ဘက်ဆိုင်ရာ ပစ်မှတ် များဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်မှုများ သည် ယီမင်နိုင်ငံအတွင်း ဆော်ဒီ၏ဗုံးကြဲ တိုက်ခိုက်မှုများအပေါ် လက်စားချေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်သည် ပါရှန်းပင်လယ်ကွေ့ ဒေသအတွင်း အမေရိကန်နှင့် အီရန်တို့ ကြား တင်းမာမှုများမှတစ်ဆင့် ပြန်လည် မြင့်တက်လာသည့် ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရန် ခြိမ်းခြောက်လျက်ရှိသည်။

ဆော်ဒီသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်း ဟူရ်သီအဖွဲ့၏က တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာ ၁၀ ရက်က ရီးယာ့ဒ်မြို့တော်ရှိ King Khalid နိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ရသည်။

အောက်တိုဘာ ၁၃ ရက် ညပိုင်းက ဆော်ဒီ အရှေ့ပိုင်း ဒါးဟရန်မြို့ရှိ Saudi Aramco ဌာနချုပ်အပေါ် တိုက်ခိုက်ခံရမှု ကြောင့် အဆောက်အအုံ၏ အထပ် အတော် များများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သတင်းရင်းမြစ် သုံးဦးက ရိုက်တာသတင်း ဌာနကို ပြောကြားခဲ့သည်။

ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာနကမူ အဆို ပါ တိုက်ခိုက်မှုကြောင့် အနည်းငယ်မျှသာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည် ဟု ဆိုခဲ့သည်။

ယင်းဖြစ်စဉ်အတွင်းAramco ၏ လုပ်ငန်းဆောင်တာများမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး ဝန်ထမ်းများသည် နေအိမ်မှ အလုပ်လုပ်နေကြကြောင်း သတင်း ရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။

Aramco ကုမ္ပဏီဘက်ကမူ ရိုက်တာ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိသေးပေ။

အရှိန်မြင့်တက်လာသည့် ပဋိပက္ခသည် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန် ၏ ဆော်ဒီစီးပွားရေးကို ပြုပြင်ပြောင်းလဲရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်ထားသည့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်ကြီးမားသော မဟာဗျူဟာအပေါ် ကြီးမားသည့် ထိုးနှက် ချက်တစ်ခု ဖြစ်လာခဲ့သည်။

ဟူရ်သီတို့ကမူ ၎င်းင်းတို့၏ တိုက်ခိုက်မှုများ သည် ပြီးခဲ့သည့်လက ပြန်လည်စတင်ခဲ့သည့် ယီမင်စစ်ပွဲအတွင်း ယီမင်အစိုးရတပ်ဖွဲ့များကို ဆော်ဒီက ကျောထောက်နောက်ခံပြုပေးနေ ခြင်းအပေါ် လက်စားချေ တုံ့ပြန်ခြင်းဖြစ်သည် ဟု ဆိုသည်။

ဆော်ဒီ ဦးဆောင်သော မဟာမိတ် တပ် ဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ရီးယာ့ဒ် မြို့တော်သို့ ဦးတည် ပစ်ခတ်ခဲ့သည့် ဟူရ်သီတို့ ၏ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ ကြောင်း ပြောကြားခဲ့ပြီး၊ မြို့တော် အတွင်း ကျယ်လောင်သည့် ပေါက်ကွဲသံအ များအပြား ကြားခဲ့ရသည်။

ဆော်ဒီအာဏာပိုင်များသည် သတိပေး နှိုးဆော်ချက်ကို မရုပ်သိမ်းမီ အောက်တိုဘာ ၁၄ ရက်အစောပိုင်းတွင် ရီးယာ့ဒ်မြို့တော်၌ လေကြောင်းမှ ခြိမ်းခြောက်မှုဆိုင်ရာ သတိ ပေးချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲသံများ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို ချက်ချင်း မသိရသေးဘဲ အာဏာပိုင်များဘက်ကလည်း ချက်ချင်း မှတ် ချက်ပေးခြင်း မရှိသေးပေ။

ဆော်ဒီအစိုးရ မီဒီယာရုံးကလည်း အဆို ပါ ပေါက်ကွဲသံများ ဖြစ်ပေါ်ရသည့် အ ကြောင်းအရင်းနှင့် ပတ်သက်၍ မှတ်ချက်ပေး ရန် တောင်းဆိုမှုကို ချက်ချင်း အကြောင်း ပြန်ခဲ့ခြင်း မရှိပေ။

Ref: Reuters

မူရင်းသတင်း — Eleven Media Group