
မြောက်ကိုရီးယားနိုင်ငံသည် ခရုဇ်ဒုံး ကျည်နှစ်စင်းကို ရေငုပ်သင်္ဘောဖြင့် စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်း အေဂျင်စီက အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောထား တင်းမာခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ တွင် မြောက်ကိုရီးယားဘက်က ခရုဇ်ဒုံးကျည် များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုဒုံးကျည်များသည် အရှေ့ပင်လယ် (ဂျပန်ပင်လယ်ဟုလည်း လူသိများ) အတွင်း သို့ ဒုံးကျည်များပစ်ခတ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးအပေါ် ဆိုးရွားသည့် သက် ရောက်မှု မရှိကြောင်း KCNA က ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က နှစ်နိုင်ငံနယ် စပ်ရှိ စစ်မဲ့ဇုန်၏ တောင်ကိုရီးယားဘက်ခြမ်း က ထိန်းချုပ်ထားသည့်နေရာတစ်ခုတွင် မြေ မြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်ဘက်အရာရှိ သုံးဦးဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးများ တင်းမာခဲ့သည်။
ထိုမြေမြှုပ်မိုင်းပေါက်ကွဲခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးသည် ၎င်းင်းတို့၏ ဒုံးကျည်နည်းပ ညာများကို အဆင့်မြှင့်တင်ခဲ့ကြသည်။
ယခုနောက်ဆုံးအကြိမ် လက်နက်စမ်း သပ်မှုသည် ရေအောက် တိုက်ခိုက်ရေးစနစ် များ၏ အခြေအနေကို လေ့လာဆန်းစစ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း KCNA က ပြော ကြားခဲ့သည်။
အဆိုပါဒုံးကျည်ပစ်လွှတ်မှုများသည် မြောက်ကိုရီးယား၏ စစ်ပွဲအဟန့်အတားများ ၏ စွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရမှု မြင့်မားခြင်းကို ပြသရာရောက်ကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် မကြာသေးမီ နှစ်များအတွင်းက ရေငုပ်သင်္ဘောများဖြင့် ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။
ခရုဇ်ဒုံးကျည်များသည် ပဲ့ထိန်းဒုံးကျည် များထက် လမ်းကြောင်းအနိမ့်တွင် ပျံသန်း နိုင်သဖြင့် ထောက်လှမ်းရန်နှင့် ကြားဖြတ်ပစ် ချရန် ခက်ခဲသည်။
ရေငုပ်သင်္ဘောမှတစ်ဆင့် ပဲ့ထိန်းဒုံး ကျည်များပစ်လွှတ်နိုင်ခြင်းသည် မြောက်ကိုရီး ယား လက်နက်အင်အားကို နောက်တစ်ဆင့် သို့ ရောက်ရှိစေမည်ဖြစ်ပြီး တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အချိန်တွင် ကိုရီးယားကျွန်း ဆွယ်ကျော်လွန်ပြီး အလှမ်းဝေးသည့်နေရာ များတွင် တပ်ဖြန့်နိုင်စွမ်းရှိကာ နျူကလီးယား ဖြင့်တိုက်ခိုက်ခံရပါက နျူကလီးယားဖြင့် အ လားတူ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိလာ လိမ့်မည်ဖြစ်ကြောင်း KCNA က ဖော်ပြခဲ့ သည်။
Ref:AFP