






မြောက်ဥက္ကလာ၊ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အမှတ်(၂) ဈေးတွင် မွေးမြူ ရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန် ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀န်ကြီး မြို့တော်၀န် ဦးမျိုးမြင့်အောင် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများက မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ က အရောင်းဆိုင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများလိုက်ပါ၍ ဈေးဆိုင်အား ကြည့်ရှုအားပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဈေးများဖြစ် သော မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၂) ဈေး ၊ (ဃ) ဈေး ၊ ရတနာသိင်္ဂီဈေးများတွင် ပြည်သူများအား အခြေခံစား သောက်ကုန် ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar