Eleven Media Group

■ ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများမှာ သတင်းအမှားသာဖြစ်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၅၀,၀၀၀ ကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများမှာ သတင်းအမှားသာဖြစ်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ယနေ့(အောက်တိုဘာ ၁၇ ရက်) မွန်းလွဲပိုင်းတွင် ရှင်းလင်းထုတ်ပြန်သည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက် ပြီး ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

■

မူရင်းသတင်း — Eleven Media Group