Eleven Media Group

■ ထရန့်၏အိမ်ဖြူတော် ပြန်ကြားရေးအရာရှိသစ် တစ်ပတ်မပြည့်မီ ရာထူးမှ ထုတ်ပယ်ခံရ

အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကေတီဇာချာရာသည် သူ၏ပြဿနာများဝိုင်းနေသောအကြီးအကဲဖြစ်သူ သမ္မတဒေါ်နယ်ထရန့် အတွက် အာရုံနောက်စရာများတိုးလာစေသောအမှားများကို ဆက်တိုက်လုပ်ခဲ့ပြီးနောက် တစ်ပတ်မပြည့်မီ အောက်တိုဘာ ၁၆ ရက်တွင် အထင်ကရရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

အသက် ၄၁ နှစ်အရွယ် ဇာချာရီယာက ရာထူးတာဝန်လွှဲပြောင်းပေးမှုကို ‌ဆောင်ရွက်နေသည်ဟု Fox News က သတင်းဖော်ပြခဲ့ပြီးနောက် အိမ်ဖြူတော်တာဝန်ရှိသူက ထိုသတင်းကို အတည်ပြုပေးနိုင်သည်ဟု AFP ကို ပြောကြားခဲ့သည်။

သူမကရှေ့နေတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့သည်ဆို‌ သောဝေဖန်မှုများနှင့်သရော်လှောင်ပြောင်ခံခဲ့ရ‌သောသတင်းစာရှင်းလင်းပွဲကြောင့်ခန့်အပ်ခံရသည်မှာ မကြာသေးသော ပြောရေးဆိုခွင့် ရအမျိုးသမီးကို ရာထူးကနေ ထွက်ခွာခွင့်ပြုရန်အသင့်ရှိကြောင်း ထရန့်က ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ကတည်းက ဇာချာရီယာ ထွက်ရတော့မည်ဆိုသည့် ရှေ့ပြေးနိမိတ်က သိသိသာသာပေါ်လွင်နေသည်။

“ကျွန်တော်က ကေတီ၊ဒီရာထူးကမင်းနဲ့ တကယ်ရော သင့်တော်ရဲ့လားလို့ မေးခဲ့တယ်"ဟု ထရန့်က သတင်းထောက်များကို ပြောခဲ့သည်။

"ကေတီ၊ မင်း ဒါကို ဆက်လုပ်စရာ မလိုပါဘူးလို့ ပြောခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင်၊ ငါသာ မင်းနေရာမှာဆိုရင်တော့ ဒီအလုပ်ကို ပြန်စဉ်းစားမှာပဲလို့သူ့ကို ပြောခဲ့ပါတယ်” ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရန့်၏ပထမသက်တမ်းတုန်းက ဘဏ္ဍာရေးလုပ်ငန်းရှင် အန်သိုနီစကာရာမူချီသည်အိမ်ဖြူတော် သတင်းပြန်ကြားရေးရာထူးကို ၁၁ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့ကြောင့်တာဝန်ယူခဲ့ရချိန်အလွန်တိုတောင်းခဲ့သဖြင့်လူတို့၏လှောင်ပြောင်သရော်ခြင်းကို အကြီးအကျယ်ခံခဲ့ရရုံတင်မကဘဲ အင်တာနက်ပေါ်တွင်လည်း ဟာသ (Internet Meme) တစ်ခုအဖြစ် ရေပန်းစားလူကြိုက်များသွားခဲ့သည်။

ဇာချာရီယာ၏ရာထူးသက်တမ်းမှာ စကာရာမူချီ၏သက်တမ်းတစ်ဝက်ပင် မပြည့်ပေ။

"စံချိန်တွေတော့ ကျိုးတော့မှာပါပဲ။ ဒါပေမဲ့ အခြားသူ ဒုက္ခရောက်ရတာကို မပျော်ပါဘူး"ဟု စကာရာမူချီက X တွင်ရေးခဲ့သည်။

ချာဇာရီယာသည် စကားစစ်ထိုးတတ်သော ကာရိုလိုင်းလီယာဗစ်ထံမှ ရာထူးလွှဲယူခဲ့ခြင်းဖြစ်သည်။ လီယာဗစ်သည် ပိုရင်းနှီးသည့် သတင်းဌာနများဖိတ်ကြားခြင်း၊ ဝေဖန်သော မီဒီယာများကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခြင်းဖြင့် အိမ်ဖြူတော်သတင်းပြန်ကြားရေးကိစ္စများကို ပြန်လည် ပုံဖော်ခဲ့သူဖြစ်သည်။

ဇာချာရီယာသည် အောက်တိုဘာ၁၃ ရက်တွင် သူ၏ပထမဆုံး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး သတင်းထောက်သုံးဦး မေးမြန်းသော မေးခွန်းများကိုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဇာချာရီယာသည် အမေရိကန်တွင် ရှေ့နေလုပ်ရန် မဖြစ်မနေအောင်ထားရမည့် ရှေ့နေစာမေးပွဲကို မည်သည့် ကျောင်းမှအောင်မြင်ခဲ့သလဲဆိုသည့် မေးခွန်းကို မရေမရာဖြေခဲ့သောကြောင့် သူ၏ဥပဒေဘွဲ့နှင့်ပတ်သက်၍ ဝေဖန်ခြင်းခံခဲ့ရသူဖြစ် သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group