
Tesla ကုမ္ပဏီသည် ပျံသန်းနိုင်သော ကားသစ်တစ်စီးကို အောက်တိုဘာ ၁၅ ရက်က မိတ်ဆက်ပြသခဲ့ပြီး ထိုကားသည် တစ်စက္ကန့်မပြည့်မီအချိန်အတွင်း တစ်နာရီလျှင် မိုင် ၆၀ အရှိန်အထိ လျှင်မြန်စွာရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
Tesla စီအီးအို အီလွန် မာ့စ်သည် SpaceX ကုမ္ပဏီက ပိုင်ဆိုင်သည့် တက္ကဆက်ပြည်နယ်ရှိ စမ်းသပ်ရေး စက်ရုံတစ်ခုတွင် Roadster ကားသစ်ကို မိတ်ဆက်ပြသခဲ့ခြင်း ဖြစ်သည်။
စမ်းသပ်ပြသချိန်တွင်း အဆိုပါကားသည် မတ်စောက်သော လမ်းကိုတက်သွားပြီး တစ်ပတ်လည်ကာ မြေပေါ်သို့ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း မာ့စ်က ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါကားသည် တန်းစီရပ်ထားသည့် ကားများပေါ်တွင်လည်း ပျံသန်းပြီး လေထဲတွင် တစ်ပတ်လည်ကာ မြေပြင်သို့ ဆင်းသက်နိုင်ခဲ့သည်။
အဆိုပါ ကား၏ အဓိက နည်းပညာဆန်းမှာ SpaceX ၏ ဒုံးပျံ နည်းပညာမှ ရယူထားသော ဖိအားမြင့် လေအေး ပန်းထုတ်စနစ် ဖြစ်သည်။
ကား၏ နောက်ဘက်နှင့် ဘေးပတ်ပတ်လည်တွင် ၉၀၀၀ psi ရှိသော အလွန်ဖိအားမြင့် လေအိုးများတက်ဆင်ထားပြီး အဆိုပါ လေအိုးများမှ ဖိအားမြင့် လေအေးများကို ဒုံးပျံအင်ဂျင်ငယ်များကဲ့သို့ ဒေါင်လိုက်နှင့် အလျားလိုက် ပန်းထုတ်ပေးပြီး တွန်းကန်အားကို ရရှိနိုင်ခြင်းဖြစ်သည်။
စမ်းသပ်ပြသနေစဉ်အတွင်း ကားထဲတွင် မောင်းနှင်သူ လိုက်ပါခဲ့ခြင်း မရှိပေ။
အဆိုပါကားကို ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်သွားမည်ဟု မာ့စ်က ပြောကြားခဲ့သည်။
Ref: CNN
Photos - Tesla