Eleven Media Group

မန်ယူနည်းပြဟောင်း အာမိုရင်မ် စီးရီးအေတွင် ရှုံးပွဲမရှိ စွမ်းဆောင်ထားနိုင်ဆဲဖြစ်

Photo: X

မန်ယူအသင်း၏နည်းပြဟောင်း အာမိုရင်မ်သည် စီးရီးအေတွင် ရှုံးပွဲမရှိအောင် စွမ်းဆေင်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
အာမိုရင်မ်သည် လက်ရှိအချိန်၌ စီးရီးအေကလပ် အေစီမီလန်အသင်းကို ကိုင်တွယ်နေခြင်းဖြစ်ပြီး စီးရီးအေပွဲစဉ်(၇)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ (၄)ပွဲနိုုင်၊ (၃)ပွဲသရေဖြင့် အမှတ်ပေးဇယားအဆင့်(၄)နေရာတွင် ရပ်တည်နေသည်။
ယခုရာသီ စီးရီးအေပြိုင်ပွဲ၌ ရှုံးပွဲမရှိသေးသည့်အသင်း (၄)သင်းရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံး(၄)နေရာတွင် ရပ်တည်နေသည့် အင်တာမီလန်၊ လာဇီယို၊ ရိုးမားနှင့် အေစီမီလန်တို့ဖြစ်သည်။
ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်မ်သည် ၂၀၂၅-၂၆ ရာသီတွင် မန်ယူအသင်းကို ကိုင်တွယ်ခဲ့ရာ၌ ပရီးမီးယားလိဂ်အဖွင့်(၇)ပွဲတွင် ရှုံးပွဲ(၃)ပွဲအထိ ကြုံတွေ့ခဲ့သော်လည်း စီးရီးအေတွင်မူ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် စီးရီးအေ၌ ပထမဆုံးကိုင်တွယ်သည့် (၇)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်သည့် တတိယမြောက် အေစီမီလန်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
အာမိုရင်မ်(၄၁ နှစ်)သည် ယခုနှစ် ဇန်နဝါရီလတွင် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဇွန်လတွင် အေစီမီလန်အသင်း၏နည်းပြအဖြစ် (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် ယခုရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဘင်ဖီကာအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း စီးရီးအေ၌ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခြင်းဖြစ်သည်။
အာမိုရင်မ်က အေစီမီလန်အသင်းအနေဖြင့် နေရာစုံ၌ တိုးတက်မှုရှိနေကြောင်း အတ္တလန်နှင့်ပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group