
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က စပိန်တိုက်စစ်ကစားသမား ယမားလ်သည် လက်ရှိအချိန်၌ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နေပြီဟု ချီးကျူးပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ၌ လာလီဂါပွဲစဉ်(၉)ပွဲဆက်တိုက် ရာနှုန်းပြည့်အနိုင်ရရှိထားသည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၂)ပွဲစလုံး အနိုင်ရရှိထားသည်။
ယမားလ်သည် အဆိုပါပွဲစဉ်(၁၁)ပွဲစလုံး၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး (၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ယခုရာသီ ဥရောပထိပ်သီးလိဂ်(၅)ခုတွင် ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
ဘက်တစ်အသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ဟန်ဆီဖလစ်ခ်က ''သူ သွင်းယူခဲ့တဲ့ ပထမဂိုးက မယုံနိုင်စရာပါပဲ။ အခု သူက ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နေပါပြီ။ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ သူက (၁၉)နှစ်သာရှိသေးပြီး ပွဲတိုင်းကစားနေရတာကြောင့် ဖိအားတွေအောက် ရောက်နေပါတယ်။ ဒါပေမဲ့ သူက ရာနှုန်းပြည့်အာရုံစိုက်နိုင်ပြီး အရမ်းကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်'' ဟု ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့သည်။
ယမားလ်သည် အောက်တိုဘာ(၂၆)ရက်နေ့တွင် ချီးမြှင့်မည့် ၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆု ရရှိရန် ဒုတိယရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်းလည်း သိရသည်။