Eleven Media Group

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သီတင်းကျွတ်စျေးရောင်းပွဲတော် ကျင်းပမည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သီတင်းကျွတ်စျေးရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) က ထုတ်ပြန်သည်။

အဆိုပါတိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပမည့် သီတင်းကျွတ် Bazaar ဈေးရောင်းပွဲတော်ကြီးကို အောက်တိုဘာ ၂၄ မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စျေးရောင်းပွဲတော်တွင် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက် နှစ်ရက်တွင် မြန်မာ့ရိုးရာအကအလှများဖြစ်သည့် ဆီမီးအက၊ ဗုဒ္ဓပူဇော်ခြင်းဆိုင်ရာအကများ၊ ရွှေဖြိုးအောင် (မြန်မာမှုအက) များ ပါဝင်ကြောင်း သိရသည်။

အလားတူ စျေးရောင်းပွဲတော်တွင် ​ပျော်ရွှင်စရာ Game များနှင့် ဆုလက်​ဆောင်များ၊ အ​ပျော်တမ်းသရုပ်​ဆောင်ပြိုင်ပွဲများအပြင်​ ဒေသထွက်အစားအစာ​စျေးဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group