Eleven Media Group

မန္တလေးမြို့ ကျုံးဘေးတွင် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းပွဲတော် ကျင်းပပြီး လာရောက်လည်ပတ်သူ များပြား

​မန္တလေးမြို့ ကျုံးဘေး၌ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ညတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းပွဲတော်ကို ကျင်းပရာ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

​မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အဆိုပါပွဲတော်၌ ကျုံးတောင်ဘက်ခြမ်း၊ ၂၆ လမ်း၊ ၆၆ လမ်း မှ ၇၃ လမ်းကြားတွင် ရောင်စုံအလှဆင်မီးများ၊ မီးပုံးများ၊ ဆီမီးများဖြင့် ပုံဖော်ထွန်းညှိခြင်းနှင့် စတိတ်ရှိုး တေးဂီတဖျော်ဖြေပွဲများကို ထည့်သွင်းကျင်းပခဲ့ပါသည်။

အဆိုပါဖျော်ဖြေပွဲတွင် မေခလာ၊ L ဆိုင်းဇီ၊ မယ်လိုဒီ၊ နေမင်းအိမ်၊ ရဲထွဋ်ကျော်၊ ဘိုမ (ကေတုမတီ)၊ ချစ်ဇွဲသာ၊ ပန်းလေး၊ ဧကရီစုစံ၊ ခိုင်ဇင်လင်း၊ ယွန်းမီ၊ နော်ထူး၊ ထက်ထက်၊ DJ Bella၊ Dancer အဖွဲ့နှင့် မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့တို့က ပါဝင်ဖျော်ဖြေကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group