Eleven Media Group

မြဝတီမြို့ရှိ​ စေတီဘုရားများတွင် သီတင်းကျွတ်လပြည့်ည၌ ဘုရားဖူးလာရောက်သူ များပြား

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ​ စေတီ၊ဘုရားများတွင် ယ​နေ့ (အောက်တိုဘာ ၂၆ ရက်) သီတင်းကျွတ်လပြည့်ည၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ​ကြောင်း သိရသည်။

မြဝတီမြို့လယ်ရှိ သမိုင်းဝင် ဆံ​တော်ရှင် ​ရွှေမြင်းဝန်​စေတီ​တော်၊ ဓမ္မရက္ခိတကုန်း​တော်​ပေါ်၌ တည်ထားကိုးကွယ်လျှက်ရှိ​သော ဓိဌာန်​အောင်​စေတီ​တော်၊​ ကျောက်လုံးကြီး​စေတီ​တော်၊​ ရွှေတိဂုံပုံတူ ​စေတီတော်တို့အား လာ​ရောက်ဘုရားဖူး ကြည်ညိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဓိဌာန်​အောင်​စေတီ​တော်၌ဆီမီးတစ်​ထောင် ထွန်းညှိပူ​ဇော်ခြင်းနှင့် မီးပုံးပျံလွှတ်ခြင်းများဖြင့် ဗုဒ္ဓမြတ် စွာဘုရားအား ပူ​ဇော်ခဲ့ကြသည်။

ထို့အတူ မြဝတီနယ်စပ်မြို့သို့ အနယ်နယ်အရပ်ရပ်မှ သီတင်းကျွတ်အားလပ်ရက်၌ လာရောက်လည်ပတ်ကြသူများမှာ ထိုင်းနိုင်ငံဘက်သို့ သွား​ရောက်လည်ပတ်မှုများရှိသလို မြဝတီမြို့​ပေါ်ရှိ​စေတီဘုရားများအားလည်း ဖူမြော်ကြည်ညိုခဲ့ကြ​ကြောင်း သိရသည်။

မြဝတီမြို့ သစ်တံခါးဆရာ​တော်​ကျောင်းတိုက်၌ တည်ထားပူ​ဇော်မည့် မန္တ​လေး မ​ဟာမြတ်မုနိပုံ​တော်တူ ဆင်းတုတော်တစ်ဆူကိုလည်း မကြာမီကာလအတွင်း ဖူး​မြော်ပူ​ဇော်ခွင့်ရရှိမည်ဖြစ်​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group