
မဲခေါင်ဒေသခွဲ၏ကြီးမားသောဒေသများကိုထိခိုက်စေသောစိုးရိမ်စရာကောင်းသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန် ခေါ်မှုတစ်ခု ဖြစ်နေသည့် ရာသီအလိုက် မီးခိုးမြူညစ်ညမ်းမှုနှင့် တောမီးလောင် ကျွမ်း မှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် မြန်မာ၊ ထိုင်း၊လာအို တို့ကပူးတွဲ လုပ်ငန်းစီမံ ချက်တစ်ခုကို တရားဝင်အားဖြင့် စတင် လိုက်ပြီဖြစ် သည်။
အဆိုပါ သုံးပွင့်ဆိုင် ပူးပေါင်းဆောင် ရွက်မှုကို ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနှင့် လာအို အစိုးရတို့နှင့် ပူးပေါင်း၍ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
clear sky strategy (2024-2030) ပူးတွဲလုပ်ငန်းစီမံချက် သည် မီးလောင်ပြင် အချက်အချာနေရာ များကို လျှော့ချရန်၊ လေထုအရည်အသွေး စောင့်ကြည့်စစ်ဆေးမှုကို မြှင့်တင်ရန်နှင့် ရေ ရှည်တည်တံ့သော မြေအသုံးချမှု စီမံခန့် ခွဲမှု ကို မြှင့်တင်ရန် ရည်ရွယ်သည်။
ထို့အပြင် စီမံချက်သည် ဦးစားပေးလုပ်ငန်း ငါးရပ်ဖြစ်သည့် မဆုတ်မနစ် ကြိုးပမ်း အားထုတ်မှု၊ ယန္တရားများပေါင်းစပ်အသုံးပြုမှု၊ တွေ့အကြုံများ မျှဝေမှု ၊လေထုအရည်အ သွေးစောင့် ကြည့်ရေး ကွန်ရက်နှင့်တုံ့ပြန် ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် သွားမည်ဖြစ်သည်။
ဤမဟာဗျူဟာသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် ရရှိခဲ့သည့် သုံး နိုင်ငံ သဘောတူညီ ချက်အပေါ် အခြေခံထားပြီး အာဆီယံနယ် စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာသ ဘောတူညီချက်ကို အထောက်အကူပြု ဖြည့် ဆည်းပေးမည်ဖြစ်သည်။သုံးနိုင်ငံ အနေဖြင့် မီးဘေးအန္တရာယ် ပူးတွဲပြမြေပုံ တစ်ခုရေးဆွဲခြင်း၊ မီးသတ် တပ် ဖွဲ့ဝင်များအကြား ပူးပေါင်း ဆောင်ရွက် မှုကို အားကောင်းစေခြင်း၊ real time လေထု အရည်အသွေးနှင့်
PM 2.5 အချက်အ လက်များ ထုတ်ပြန်ပေးနိုင်မည့် ပူးတွဲစောင့် ကြည့်ရေးစနစ်တစ်ခုကို တည်ထောင်သွား မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးသတိပေးချက်များ တိုးမြှင့် ထုတ်ပြန်မည်ဖြစ် ပြီး မီးခိုးမြူများ ကြောင့် ကျန်းမာရေး၊ စီးပွားရေးနှင့်သဘာဝ ပတ်ဝန်း ကျင်အပေါ်ရိုက်ခတ်မှု များ ကိုလည်း လေ့လာဆန်းစစ်သွားမည်ဖြစ်သည်။
အဆိုပါ စီမံချက်တွင် စိုက်ပျိုးရေး ဘေး ထွက်ပစ္စည်းများ မီးရှို့မှုကို လျှော့ချ ရန်အ တွက် ရေရှည်တည်တံ့သော စိုက်ပျိုး ရေးနည်း လမ်းများ၊ နည်းပညာလွှဲပြောင်း မှုများနှင့် ပြည်သူ့အသိပညာပေးလုပ်ငန်းများကိုပါ ထည့်သွင်းထားသည်။ ပတ်ဝန်းကျင်၊ စိုက်ပျိုးရေး၊ ကျန်းမာ ရေးနှင့် လုံခြုံရေးဆိုင်ရာ ဌာနများ အချင်းချင်း တရား ဥပဒေစိုးမိုး ရေး နှင့် ပေါင်းစပ်ညှိနှိုင်း ရေးကိုလည်းတိုးမြှင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အထက်ပါစီမံချက်အကောင်အထည် ဖော်မှုကို ကြီးကြပ်ရန်အတွက် သုံးနိုင်ငံမှ အမျိုးသားအဆင့် စီးမံချက်တာဝန်ခံများ ပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အစည်းအဝေးကျင်းပသွားမည် ဖြစ်သည်။ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ ထောက်ခံရေးအတွက်လည်း ဤစီမံချက်က တောင်းဆိုထားသည်။
ref : the star