

နေပြည်တော်၊ အောက်တိုဘာ ၃၁
နေပြည်တော်၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်များမှ စက်သုံးဆီအရောင်းဆိုင်များမှာ မိုးစပါး ရိတ်သိမ်းဖို့ စက်သုံးဆီ ဝယ်ယူရာမှာ ရောင်းချပေးခြင်းမရှိသလို၊ တချို့ဆိုင်များမှာ ဈေးပိုပေးနေရကြောင်း တောင်သူတစ်ဦး က မြန်မာနေရှင်နယ်ပို့စ်ကို ဆက်သွယ်ပြောဆိုပါတယ်။
တောင်သူတစ်ဦးက "မိုးစပါးရိတ်ဖို့ စက်သုံးဆီသွားဝယ်တဲ့အခါ ရောင်းမပေးဘူး။ ထွန်စက်မောင်းလာရမယ်လို့ ပြောတယ်။ ကိုယ်ရိတ်သိမ်းမယ့်နေရာနဲ့ သူတို့ဆိုင်ကို သွားတဲ့ ခရီးမှာတင် ဆီက ကုန်ပြီ။ ဆီပုံးနဲ့ သွားဝယ်တော့လည်း ရောင်းမပေးကြဘူး။ ဈေးပိုပေးရတာလည်း ရှိတယ်။" ဟု ပြောသည်။
အလားတူ ပြဿနာမျိုး ယမန်နှစ်ကလည်း ကြုံတွေ့ခဲ့ရပြီး ပြည်သူ့လွှတ်တော်တွင် ဘိုကလေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်က ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် တောင်သူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အခြေအနေကို ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ရန် မေးမြန်းခဲ့ဖူးသည်။
ကျေးလက်ဒေသများတွင် နိုင်ငံတော်အစိုးရမှ တောင်သူများအတွက် တစ်ဧက (၁)ဂါလံနှုန်း ချထားပေးသည့် စက်သုံးဆီမှာလည်း အုပ်ချုပ်ရေးမှူးတချို့က ထုတ်ယူရောင်းစားပြီး တောင်သူများ အသုံးမပြုရသည့် ပြဿနာများလည်း ရှိခဲ့သည်။
စက်သုံးဆီကြီးကြပ်ရေးကော်မတီအနေဖြင့် ချမှတ်ထားသည့် မူဝါဒများကို အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထုတ်ပြန်ပေးခြင်းမရှိခြင်းကြောင့် တောင်သူများ စပါးရိတ်သိမ်းချိန်တွင် ယခုကဲ့သို့ အခက်အခဲများ ရင်ဆိုင်နေကြရခြင်းဖြစ်ပြီး တောင်သူများအတွက် ရိတ်သိမ်းခြွေလှေ့စရိတ်များ ပိုမိုကုန်ကျရသည့် ပြဿနာများ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
#News #Myanmar