Eleven Media Group

အမေရိကန်က ဗိုလ်ချုပ်ကြီးတစ်ဦးကို ထုတ်ပယ်လိုက်သည်ဟု အမေရိကန်ပြည်တွင်းသတင်းဌာနများက ဖော်ပြ

သမ္မတဒေါ်နယ်ထရန့်က အီရန်ကို အကြီးစားတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေပုံရသည့် အနေအထားတွင် အံ့အားသင့်စရာ အပြောင်းအလဲအဖြစ် အမေရိကန်က ဗိုလ်ချုပ်ကြီးတစ်ဦးကို ထုတ်ပယ်လိုက်သည်ဟု အမေရိကန်မီဒီယာက ဖော်ပြခဲ့သည်။

ကြည်းတပ်၏ဒုတိယဗိုလ်ချုပ်ကြီး ဘရတ်စီးဗီးယားကို ပူးတွဲစစ်ဦးစီးအဖွဲ့၏မဟာဗျူဟာ၊ စီမံကိန်း၊ မူဝါဒအကြီးအကဲရာထူးမှ ဖယ်ရှားလိုက်သည်ဟု အမေရိကန်သတင်းဌာနများက အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကားပြီး အောက်တိုဘာ ၂၈ ရက်တွင် ဖော်ပြခဲ့ကြသည်။

စီမံကိန်းနှင့်အခြားကိစ္စများကို ကိုယ်တွယ်သော ပင်တဂွန်ထိပ်တန်းအဖွဲ့အစည်းဖြစ်သည့် ပူးတွဲစစ်ဦးစီးအဖွဲ့အတွက် ပြောရေး ဆိုခွင့်ရှိသူက စီးဗီးယား၏တာဝန်မှထွက်ခွာမှုကို အတည်ပြုလိုက်ပုံရသော ထုတ်ပြန်ချက်ကို ကနဦးတွင် ထုတ်ပြန်လိုက်သည်ဆိုသော် လည်း နောက်ပိုင်းတွင် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး စစ်မှုထမ်းများကို လည်းကောင်း၊ ဆောင်ရွက်ဆဲ ကိုယ်ရေး ကိုယ်တာလုပ်ငန်းစဉ်ကိုလည်းကောင်းမလေးစားရာ ကျနေသောကြောင့် မိမိတို့က နောက်ထပ် မှတ်ချက်ပေးမည်မဟုတ်ဟု ဆိုသည်။

ထရန့်သည် ဒုတိယသက်တမ်းကို ပြန်လည်ထမ်းဆောင်ကတည်းက စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူများကို ထုတ်ပယ်ခဲ့ရာ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ချားလ်စီကျူဘရောင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။ စီကျူဘရောင်းအားထုတ်ပယ်ရသည့်အကြောင်းကို ရှင်းလင်းဖော်ပြခဲ့ခြင်းမရှိပေ။

ထုတ်ပယ်ခဲ့သည့် အခြားစီနီယာအရာရှိများထဲတွင် အမေရိကန်ကြည်းတပ် အကြီး အကဲ၊ ရေတပ်အကြီးအကဲ၊ ကမ်းခြေစောင့်တပ်အကြီးအကဲ၊ အမျိုးသားလုံခြုံ ရေးအေဂျင်စီကို ဦးဆောင်နေသော ဗိုလ်ချုပ်တစ်ဦး၊ အမေရိကန်လေတပ် ၏ဒုတိယစစ်ဦးစီးချုပ်၊ နေတိုးအတွက်ခန့်အပ်ထားသော ရေတပ်ဗိုလ်ချုပ်၊ ထိပ်တန်းစစ်ဘက်ရှေ့နေသုံးဦးတို့ ပါဝင်ခဲ့ကြသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group