Eleven Media Group

မြောက်ကိုရီးယားက ကလပ်စတာဗုံး ထိပ်ဖူးများကို စမ်းသပ်

မြောက်ကိုရီးယားသည် ကလပ်စတာ ဗုံးထိပ်ဖူးများကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီက တိုက်ခိုက်ရေး ဒရုန်းများ၊ ပစ်မှတ်တိကျသည့် တော်ပီဒိုစနစ် နှင့် ဟိုက်ပါဆော နစ်ဒုံးကျည်အပအဝင် လက်နက်စနစ်များကို ဆက်တိုက်စမ်းသပ်ခဲ့ပြီးနောက် ယခုစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း တောင်ကိုရီးယားစစ်သား သုံးဦးဒဏ်ရာရခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများမြင့် တက်နေချိန်တွင် ယခုကဲ့သို့ လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကမူ ၎င်းတွင်တာဝန်မရှိကြောင်း ငြင်းဆိုထားသည်။

အောက်တိုဘာ ၃၁ ရက်က စမ်းသပ်မှုသည်နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်နိုင်မည့် ကလပ်စတာဗုံး ထပ်ဖူး၏ ပြင်းအားနှင့် တိုက်ပွဲနှင့် သင့်လျှော်မှုရှိ၊ မရှိ လေ့လာဆန်းစစ်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း KCNA က ဖော်ပြခဲ့ သည်။

ယင်းလက်နက်သည် ၁၂ ဟက်တာမှ ၁၃ ဟက်တာကြားရှိသည့် ဧရိယာကို ပြာချနိုင်စွမ်းရှိကြောင်းလည်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group