
Google ရှယ်ယာဈေးသည် AI နှင့်ပတ်သက်၍ ထိတ်ထိတ်ပျာပျာဖြစ်နေချိန်တွင် သိသိသာသာထိုးကျ သွားခဲ့သောကြောင့် Google မိခင်ကုမ္ပဏီ Alphabet ၏ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ ၅၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်။
Google ၏မိခင်ကုမ္ပဏီ Alphabet သည် အောက်တိုဘာ ၂၉ ရက်တွင် ရှယ်ယာဈေး ၁၂ ရာခိုင်နှုန်းကျဆင်း ခဲ့သဖြင့် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာဘီလျံ ၅၀၀ ကျော်ဆုံးရှုံးခဲ့သည်။
တရုတ်၏ DeepSeek AI ပေါ်လာခြင်းက အမေရိကန် AI များ ပြိုင်ပွဲတွင် ရှုံးသွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်ခဲ့သဖြင့် လွန်ခဲ့သောနှစ်က Nvidia ၏ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၃ ဘီလျံဆုံးရှုံးခဲ့ပြီးနောက်ယခုတစ်ကြိမ် ဈေးကွက်တန်ဖိုးဆုံးရှုံးမှုသည် Google သမိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး အမေရိကန်စတော့ဈေးကွက်ဝင် ကုမ္ပဏီများထဲတွင် Nvudiaပြီးလျှင် ဒုတိယအများဆုံး ဆုံးရှုံးမှုဖြစ်လာခဲ့သည်။
Google ၏ကြော်ငြာလုပ်ငန်း၌ စိတ်ပျက်စရာ ဝင်ငွေကျဆင်းမှုနှင့် AI အတွက်များပြားလှသော ရင်းနှီးမြှုပ်နှံမှု များကို ဖော်ပြထားသည့် Alphabet၏နောက်ဆုံးရလဒ်များ ထွက်ပေါ်လာခဲ့ပြီးနောက် Google ၏ရှယ်ယာဈေး ထိုးကျသွားခြင်းဖြစ်သည်။
သို့သော်လည်း ရှယ်ယာရှင်များက များပြားလှသော စွန့်စားရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ထွက်မလာနိုင်သည့် အနေအထားကိုလည်းကောင်း၊ နည်းပညာနယ်ပယ်၏ ကျန်သောကုမ္ပဏီများအနေဖြင့် AIအတွက် ရင်းထား သဖြင့် ငွေများပြန်ရမလာနိုင်သည့်အနေအထားကို လည်းကောင်း စိုးရိမ်နေကြသည်။
Google သည် AI လုပ်ငန်းများ အဆင်ပြေခြင်းမှ ဝင်ငွေများရရှိနေသည်ဟု ရလဒ်များတွင် ဖော်ပြထားပြီး Google ၏ cloud လုပ်ငန်းသည် ဝင်ငွေ နှစ်ဆကျော်ရရှိခဲ့သည်ဟု ဆိုသည်။
သို့သော် search လုပ်ငန်းသည် Google ၏ဝင်ငွေအများစုကို ကိုယ်စားပြုနေသော လုပ်ငန်းဖြစ်နေဆဲဖြစ်သော်လည်း AI ကမူ ဝင်ငွေကောင်းသည့် လုပ်ငန်းဖြစ်မလာသေးပေ။ search results များမှရသောကြော်ငြာဝင်ငွေသည် မိခင်ကုမ္ပဏီ Alphabet အတွက် အားထားရသည့်ဝင်ငွေများဖြစ်နေသည့်တိုင် မေးမြန်းသော မေးခွန်းများကို ဖြေကြားရန်Google က Gemini ကို စတင်အသုံးပြုနေပြီဖြစ်သည်။
ကုမ္ပဏီက လွန်ခဲ့သောသုံးလပတ်ကာလ တွင် cloud နှင့် AI တို့အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလျံသုံးခဲ့သော်လည်းပြည်သူပိုင် ကုမ္ပဏီတစ်ခုအနေဖြင့် Alphabet သည် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် အရှုံးပေါ်ခဲ့သည်။
စုစုပေါင်းဝင်ငွေသည် ဝေါစထရိ ရည်မှန်းချက်များအတိုင်း ပြည့်မီခြင်းမရှိခဲ့ပေ။ Google Cloud မှဝင်ငွေများ ပိုရလာသည်ဆိုသော်လည်း ပိုရလာသောဝင်ငွေသည် ကြော်ငြာလုပ်ငန်းမှ ဝင်မလာသည့်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကို ခုနှိမ်နိုင်ခြင်းမရှိဟု ဆိုသည်။
Ref: The Independent