
ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ လက်ယာစွန်းအုပ်စုက အစ္စရေး၏ အမတ် ၁၂၀ ရှိသော ကနက်ဆက်(လွှတ်တော်)
တွင် ၅၃ နေရာသာအနိုင်ရရှိခဲ့သော ကြောင့် ထိုအရေအတွက်သည် ယခင် ရွေးကောက်ပွဲတုန်းက နေတန်ယာဟု၏ လက်ယာစွန်းအုပ်စုများ လွှတ်တော်ကို ထိန်းချုပ်ခဲ့သည့် အမတ်အရေအတွက် ၆၈ နေရာထက်များစွာ လျော့နည်းခဲ့သည်ဟု သိရသည်။
နေတန်ယာဟု၏အဓိကပြိုင်ဘက်ကို ဂါဒီအိုင်ဆင်နော့ကိုထောက်ခံသော အုပ်စုက ပြိုင်ဆိုင်မှုပြင်းထန်လှသောရွေးကောက်ပွဲတွင် အမတ်နေရာ ၄၈ နေရာအနိုင်ရရှိခဲ့သည်။
ထို့ကြောင့် နေတန်ယာဟု၏အုပ်စုရော အိုင်ဆင်နော့၏အုပ်စုပါ အစိုးရဖွဲ့ရန် လိုအပ်နေသော အမတ် ၆၁ နေရာစလုံး အနိုင်မရခဲ့ကြပေ။
ယခုအခါ မဲရေတွက်မှုပြီးစီးသွားပြီဖြစ်သော်လည်း မဲရလဒ်များကို အတည်ပြုရဦးမည်ဖြစ်ပြီး ထိုရလဒ်များကို နိုဝင်ဘာ ၄ ရက်တွင် သမ္မတ အိုင်ဆက်ဟာဇော့ထံ တင်ပြမည်ဖြစ်သည်။
ထို့နောက် သမ္မတဟာဇော့က ပါတီဥက္ကဋ္ဌများနှင့် ဆွေးနွေးတိုင်ပင်ပြီး အစိုးရဖွဲ့ရန် အကောင်းဆုံး အခွင့်အရေးရှိသည်ဟု ထင်မြင်သည့်သူကို ဟာဇော့ကရွေးချယ်မည်ဖြစ်သည်။
အစ္စရေး၏အာရပ်လူနည်းစု ဦးဆောင်သောပါတီများက သမိုင်းတွင်သည့် အသာရမှုများရှိခဲ့ရာ အာရပ်ပါတီ အားလုံးပေါင်းက အမတ် ၁၉ နေရာ အနိုင်ရခဲ့သည်။
အစ္စရေးနိုင်ငံသားခံယူထားသောပါလက်စတိုင်းသားများကအောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲတွင် စံချိန်တင်လာရောက်မဲပေးခဲ့ကြသည်။ ထိုပါလက်စတိုင်းများက နေတန်ယာဟုနှင့် သူ၏ညွန့်ပေါင်းအဖွဲ့ထဲက လက်ယာစွန်းအဖွဲ့ဝင်များ ထွက်သွားစေရန် မျှော်လင့်ထားကြသည်။
အထူးသဖြင့် နေတန်ယာဟု၏ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ်စမိုထရစ်နှင့်အမျိုးသား လုံခြုံရေးဝန်ကြီး အီတာမာဘန်ဂဗီးယားတို့ကို အစိုးရအဖွဲ့မှ ထွက်သွားစေချင်ကြသည်။
ထိပ်တန်းအုပ်စုနှစ်စုက အဓိက အာရပ်ပါတီများဖြစ်သည့် ရာအမ်၊ Joint List တို့နှင့်ပေါင်း၍ အစိုးရဖွဲ့မည့်အလားအလာကို ပယ်ချထားကြသည်။
သို့သော်လည်း အစိုးရဖွဲ့နိုင်ရေးအတွက် ယင်းအာရပ်ပါတီကြီးနှစ်ခု၏အောင်မြင်မှုက ပါလက်စတိုင်း အစ္စရေးနိုင်ငံသားများ ရင်ဆိုင်နေရသည့် `ရှုပ်ထွေးသောအမုန်တရားများကို ပူပူနွေးနွေးအာရုံစိုက်စရာဖြစ်လာစေခဲ့သည်။
Ref:NBC News