Eleven Media Group

အတိုက်အခံများသည် ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း ပိုလန်ဝန်ကြီးချုပ် စွပ်စွဲ

အတိုက်အခံများသည် ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း ပိုလန်ဝန် ကြီးချုပ် ဒေါ်နယ် တာ့စ်ခ်က အောက်တိုဘာ ၃၁ ရက်တွင် စွပ်စွဲခဲ့သည်။

ပိုလန်တွွင် ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်တွင် တာ့စ်ခ်က ကွန်ဆာဗေးတစ် အမျိုးသားရေး အတိုက်အခံခေါင်းဆောင်များသည် ဒီမိုက ရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီး ချင်နေကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပိုလန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး၏ ဥက္ကဋ္ဌ ဘော့ဂ်ဒန်း ရှဗီယန်ချက်ဗ်စကီးကို ရာထူးမှ ဆိုင်းငံ့မှုနှင့် ပတ်သက်ပြီး အတိုက်အခံ Law and Justice ပါတီကို ထောက်ခံသူများသည် တရားရုံးအ ပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့သဖြင့် ရဲတပ်ဖွဲ့က ကြားဝင်ဖျန်ဖြေခဲ့ပြီးနောက် တစ်ရက်အကြာ တွင် တာ့စ်ခ်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ် သည်။

တရားရုံးဥက္ကဋ္ဌအား ရာထူးမှ ဆိုင်းငံ့ သည့် အစိုးရ၏ လုပ်ဆောင်ချက်သည် အာ ဏာသိမ်းမှုဖြစ်ကြောင်း တရားရုံး၏ X လူမှုမီဒီယာတွင် အောက်တိုဘာ ၃၀ ရက်က ဖော် ပြခဲ့သည်။

သို့သော် တာ့စ်ခ်ကမူ အောက်တို ဘာ ၃၁ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းအ တွင်း ပိုလန်တွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ဖျက်ဆီးချင်နေသည့် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးသမားများသည် နှစ် ပေါင်းများစွာကတည်းက ရှိနေကြောင်း ပြော ကြားခဲ့သည်။

Ref;AFP

မူရင်းသတင်း — Eleven Media Group