Eleven Media Group

အီီရန်တွင် ပစ်မှတ်တစ်ခု သို့မဟုတ် နှစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် ကျန်ရှိနေသေးကြောင်း အမေရိကန်သမ္မတထရန့် ပြောကြား

အီရန်တွင် ပစ်မှတ်တစ်ခု သို့မဟုတ် နှစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် ကျန်ရှိနေသေး ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အီရန်၏ စစ်အင် အား အများအပြားကို ချေမှုန်းဖျက်ဆီးခဲ့ပြီးဖြစ်သော်လည်း ပစ်မှတ်တစ်ခု သို့မဟုတ် နှစ် ခုကို ဆက်လက် ကိုင်တွယ်ဖြေရှင်းရန် ကျန်ရှိနေဆဲဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

ဖေဖော်ဝါရီလအတွင်းက အမေရိကန် နှင့် အစ္စရေးတို့ စတင်ခဲ့သည့် စစ်ပွဲကို အဆုံး သတ်ရေးအတွက် အီရန်နှင့် ပြုလုပ်သော ညှိ နှိုင်းဆွေးနွေးမှုများသည် အဆင်ပြေနေသော် လည်း ယင်းအခြေအနေကို ပုံမှန်အားဖြင့် စိတ်ချယုံကြည်၍ မရကြောင်း ထရန့်က အ တည်ပြု ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အီရန်၏ စစ်အင် အားနှင့် နျူကလီးယား အစီအစဉ်ကို ချေမှုန်း ထားပြီးဖြစ်သည့်အတွက် လတ်တလောတွင် အလောတကြီး ထိုးစစ်ဆင် အရေးယူမှုများ ပြုလုပ်ရန် မရှိကြောင်းလည်း ၎င်းင်းကဆိုသည်။

“ကျွန်တော်တို့က သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို ချေမှုန်းထားပြီးပါပြီ။ ကျွန်တော် တို့အနေနဲ့ နေရာတစ်နေရာ ဒါမှမဟုတ် နှစ်နေရာလောက်ကို ဆက်လက် ရှင်းလင်း ဆောင်ရွက်ဖို့ ကျန်သေးတယ်လို့ ပြောချင်ပါ တယ်။ ဒါပေမဲ့ အဲဒါကို ၁၀ မိနစ် အတွင်း ဆောင်ရွက်နိုင်ပါတယ်” ဟု ဖလော်ရီဒါရှိ ၎င်း၏ စံအိမ်တွင် ထရန့်က သတင်းထောက် များကို ပြောကြားခဲ့သည်။

“ခင်ဗျားတို့အနေနဲ့ Pickaxe Mountain ကိုကြည့်ပြီး အဲဒါကို ရှင်းလင်း ဆောင် ရွက်ရလိမ့်မယ်။ အဲဒါတွေကို ကျွန်တော်တို့ ရေရှည်မယူဘဲ အမြန်ဆုံး ဆောင်ရွက်နိုင်ပါ တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

Pickaxe Mountain ဆိုသည်မှာ အီရန်၏သံသယဖြစ်ဖွယ် မြေအောက် နျူကလီးယား စက်ရုံဝင်းကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ် သည်။

အီရန် အစိုးရကမူ ယင်းနေရာ၌ နျူက လီးယားဆိုင်ရာ လုပ်ငန်းတစ်စုံတစ်ရာ လုပ် ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

အောက်တိုဘာ ၃၁ ရက် အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီ ယိုက သမ္မတ ထရန့်အနေဖြင့် အီရန်အပေါ် တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန် ဆုံးဖြတ် ချက် မချရသေးကြောင်းနှင့် အမေရိကန် ပြည်ထောင်စုသည် သံတမန်ရေးရာ နည်း လမ်းဖြင့် ဖြေရှင်းရေးအတွက် အသင့်ရှိနေ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံလုံးရှိ အရေးပါသော ရွေးကောက်ပွဲများအပြီးတွင် တိုက်ခိုက်မှုများ ပြန်လည် စတင်နိုင်သည်ဟူ သော ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ပြီး နောက် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်မိုဂျ် တာဘာ ခါမေနီက အောက်တိုဘာ ၃၁ ရက် တွင် အမေရိကန်နှင့် အစ္စရေးအား ထိုးစစ် အသစ်မဆင်နွှဲရန် သတိပေးခဲ့သည်။

သမ္မတ ထရန့်က ယခုသီတင်းပတ် အ မေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲများ အပြီးတွင် တိုက်ခိုက်မှုတစ်ရပ် ပေါ်ပေါက်လာ နိုင်ကြောင်း သတိပေးခဲ့ဖူးပြီး၊ အစ္စရေး ဝန်ကြီး ချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အီရန် အ စိုးရကို ဖြုတ်ချရန် သမိုင်းဝင် တစ်ကြိမ်တစ်ခါ မျှသာ ရရှိမည့် အခွင့်အရေးရှိကြောင်း ပြော ကြားခဲ့သည်။

Ref;AFP

မူရင်းသတင်း — Eleven Media Group