Eleven Media Group

ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့ကို ထောက်ခံမှုဖြင့် လန်ဒန်ရှိ အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူ ၁၀၀ ကျော်ဖမ်းဆီးခံရ

လန်ဒန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် အောက်တိုဘာ ၃၁ ရက်က ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှား သည့် Palestine Action အဖွဲ့ကို ထောက်ခံဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၃၉ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆန္ဒပြသူ အများစုက “လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်သည်၊ Palestine Action ကို ထောက်ခံသည်” ဆိုသည့် စာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ရဲကားများပေါ်သို့ ခေါ်ဆောင်သွားချိန် အချို့ဆန္ဒပြသူများက လက်ခုပ်တီးအားပေးခဲ့ကြပြီး ပါလက်စတိုင်း လွတ်မြောက်ပါစေဟု ကြွေးကြော်ခဲ့ကြသည်။

ဗြိတိန်အစိုးရသည် Palestine Action အဖွဲ့ကို ပြီးခဲ့သည့်နှစ်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းသို့တားမြစ်ချက်အရ ၄င်းအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ၄င်းအဖွဲ့ကို ထောက်ခံခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ထို့ပြင် စကော့တလန်၏မြို့တော် အက်ဒင်ဘာရာရှိ အမေရိကန်ကောင်စစ်ဝန်ရုံး ရှေ့တွင်လည်း Palestine Action အဖွဲ့ကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက လန်ဒန်မြို့ ဆန္ဒပြမှုနှင့် အလားတူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။ အက်ဒင်ဘာရာဆန္ဒပြပွဲတွင်တော့ အဖမ်းအဆီးသတင်း များ ထွက်မလာပေ။

၂၀၂၀ ခုနှစ်က စတင်ထူထောင်ခဲ့သည့် Palestine Action အဖွဲ့ ကို ဒေါ်နယ်ထရန့်အစိုးရကလည်း ပြီးခဲ့သည့်သြဂုတ်လတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာကာ ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group