အောက်တိုဘာ ၂၈ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင် ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွေအနက် လက်ရှိချန်ပီယံမန်စီးတီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်း က ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မန်စီးတီးအသင်းက လေးဂိုး-သုံးဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကိုဗာဆစ်ကတော့ မန်စီးတီးအသင်းနဲ့အတူ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေမှာတော့ ဘုန်းမောက်အသင်းက အက်စ်တွန်ဗီလာအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖူလ်ဟမ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဆန်းဒါးလန်းအသင်းက ဘရန့်ဖို့ဒ်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ လီဗာပူးအသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်