နိုဝင်ဘာ ၂
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လောင်စာတင်သွင်းမှု ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၅၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သီရိလင်္ကာဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အောက်တိုဘာ ၃၀ ရက်စွဲပါ ထိုဘဏ်၏ နောက်ဆုံးထုတ် ပြည်ပကဏ္ဍ စွမ်းဆောင်ရည် အစီရင်ခံစာတွင် ၂၀၂၆ ခုနှစ် ပထမ ကိုးလအတွင်း လောင်စာတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၉ ဘီလီယံ သုံးစွဲခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလတွင် လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် စက်တင်ဘာလတွင် လောင်စာဆီတင်သွင်းမှု အသုံးစရိတ် အနည်းငယ် ကျဆင်းသွားခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် စက်တင်ဘာလအတွင်း လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၄၁၅ ဒသမ ၁ သန်း သုံးစွဲခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သုံးစွဲခဲ့သည့် အမေရိကန်ဒေါ်လာ ၄၄၀ ဒသမ ၇ သန်းနှင့်နှိုင်းယှဉ်ပါက ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလသည် နိုင်ငံ၏ လောင်စာတင်သွင်းမှု အသုံးစရိတ် ငါးလဆက်တိုက် ကျဆင်းခဲ့သည့်လလည်း ဖြစ်သည်။
ကျဆင်းလာသည့် အခြေအနေရှိနေသော်လည်း စုစုပေါင်း လောင်စာဆီတင်သွင်းမှု အသုံးစရိတ်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်မားနေဆဲဖြစ်သည်ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။
ယင်းသို့အသုံးစရိတ်မြင့်တက်လာခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီးနောက်ပိုင်း ပြည်တွင်းလောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဘဏ်က ဖော်ပြခဲ့သည်။
ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှုကို ထိခိုက်စေသည့် ကန့်သတ်ချက်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေမှုများကြောင့် ရေနံစိမ်းနှင့် ရေနံထွက်ကုန်ဈေးနှုန်းများအပြင် ကုန်စည်ပို့ဆောင်ရေးနှင့် အာမခံကုန်ကျစရိတ်များလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို