နိုဝင်ဘာ ၂
ဂျပန်နိုင်ငံရှိ အဓိကထုတ်လုပ်သည့် ကုမ္ပဏီ ၁၉၅ ခုမှ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန် ၁၄၇၇ မျိုး၏ ဈေးနှုန်းများသည် နိုဝင်ဘာလတွင် မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ယမန်နှစ်က အလားတူလက ၁၅၀ မျိုးသာရှိခဲ့ရာမှ ထုတ်ကုန်အရေအတွက် ၁၀ ဆနီးပါး တိုးလာခြင်းဖြစ်ကြောင်း ဂျပန်သုတေသနကုမ္ပဏီ Teikoku Databank ၏ စစ်တမ်းတစ်ခုအရ သိရသည်။
ကုမ္ပဏီ၏ပြောကြားချက်အရ ဆော့စ်နှင့် မယောနိစ်အပါအဝင် ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာမှုန့်များသည် ဈေးနှုန်းမြင့်တက်မည့် ထုတ်ကုန်အမျိုးအစားများတွင် အများဆုံးပါဝင်ပြီး စုစုပေါင်း ၆၄၄ မျိုးရှိကြောင်းနှင့် ၎င်းနောက်တွင် အရက်နှင့် အရက်မပါဝင်သော အဖျော်ယမကာများ ပါဝင်ပြီး စုစုပေါင်း ၄၁၇ မျိုးရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ဈေးနှုန်းမြင့်တက်မည့် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန် အရေအတွက်စုစုပေါင်း ၂၀၃၂၇ မျိုးအထိ ရှိလာခဲ့ပြီး နှစ်နှစ်ဆက်တိုက် ထုတ်ကုန်အရေအတွက် ၂၀၀၀၀ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။
လာမည့်နှစ်အတွက် ကြိုတင်ခန့်မှန်းရာတွင် ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်မြင့်တက်မှုများကို ကုန်ပစ္စည်းဈေးနှုန်းများအပေါ် တဖြည်းဖြည်းလွှဲပြောင်းထည့်သွင်းလာပြီး စားသုံးသူများ၏ တုံ့ပြန်မှု ကိုလည်း သတိထားစောင့်ကြည့်နေကြသည့်အတွက် ဈေးနှုန်းမြှင့်တက်မှု နှေးကွေးလာနိုင်ကြောင်း Teikoku Databank မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို