နိုဝင်ဘာ ၂
ပါကစ္စတန်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း ရှစ်ယောက်မြောက် ပိုလီယိုရောဂါကူးစက်ဖြစ်ပွားမှုကို နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပက်ခ်တွန်ခွာပြည်နယ်ရှိ ၁၃ လအရွယ် မိန်းကလေးငယ်တစ်ဦးတွင် တွေ့ရှိခဲ့ကြောင်း ပိုလီယိုရောဂါတိုက်ဖျက်ရေး အမျိုးသားအရေးပေါ်လုပ်ငန်းဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ခိုင်ဘာခရိုင်တွင် ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ပြီး ယခုနှစ်တွင် ပြည်နယ်အတွင်း ခြောက်ယောက်မြောက်ကူးစက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုဌာနက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ခိုင်ဘာပက်ခ်တွန်ခွာတွင် ပိုလီယိုရောဂါဖြစ်ပွားသူ ခြောက်ဦးနှင့် တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် နှစ်ဦးကိုတွေ့ရှိခဲ့သည်။ ထိုထုတ်ပြန်ချက်အရ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်ကြီး လေးကြိမ်ကို ဆောင်ရွက်ခဲ့ရာ ကလေးငယ် ၄၅ သန်းကျော်ကို အကြိမ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရောဂါကာကွယ်ရေးအတွက် အကာအကွယ်ပေးနိုင်ခဲ့သည်ဟု သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်အဆင့် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ခိုင်ဘာအပါအဝင် ခရိုင် ၉၇ ခုရှိ အသက်ငါးနှစ်အောက် ကလေး ၂၄ သန်းနီးပါးကို အဓိကထားပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပိုလီယိုရောဂါသည် အလွန်ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်ပြီး အမြဲတမ်း ကိုယ်လက်လှုပ်ရှားမှု မသန်စွမ်းခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို