မုံရွာ အောက်တိုဘာ ၂၉
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းပညာရေးဒီဂရီ ကောလိပ်ဝင်းအတွင်းရှိ စာသင်ဆောင်၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ ဝန်ထမ်းနေအိမ်များကို အသစ်ပြန်လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါ ကောလိပ်မှ သိရသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါ အဆောက်အအုံများ အသစ်ပြန်လည် တည်ဆောက်မည့် မြေနေရာ၊ စာကြည့်တိုက်နှင့် စာသင်ဆောင် အဆောက်အအုံ ကြံ့ခိုင်မှုနှင့် ကွန်ပျူတာအသုံးပြု လက်တွေ့ခန်းများကို ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများ နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့သွားရောက်စဉ် ကောလိပ်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမကောင်းများစွာ ပေါ်ထွက်လာစေရေးအတွက် စနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားကြရန်၊ သင်ကြားရေး အဆောက်အအုံများ၊ ဝန်ထမ်းနေအိမ်များနှင့် သင်တန်းသား သင်တန်းသူ အိပ်ဆောင်များအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်သွားကြရန်၊ တာဝန်ရှိသူအားလုံးက မြေပြင်အထိ ကွင်းဆင်းကြီးကြပ်စီမံ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)