Myanmar Digital News

ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချ၊ ပတ်ဝန်းကျင်ကျေးရွာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် နိုဝင်ဘာ ၁ 

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ပြီး ရေလှောင်တမံ ရေပြင်၏ နိမ့်မြင့် အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ လျှော့ချနိုင်ရန် တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၂၉၅ ဒသမ ၈၀ ပေသာ ကျန်ရှိတော့သဖြင့် ၁၉ ဒသမ ၂၀ ပေခန့် ရေထုတ်လွှတ်လျှော့ချပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထို့အပြင် အဆိုပါတမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

၁၀၀

မူရင်းသတင်း — Myanmar Digital News