ရန်ကုန် အောက်တိုဘာ ၂၉
ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် မြန်မာ့ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးထားပြီး ပေါ်ဆန်းစပါး ဧက ၁၃ သိန်းကျော် စိုက်ပျိုးထားသည်။
“ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသအလိုက် ပေါ်ဆန်းမျိုးကွဲပေါင်း များစွာရှိနေတဲ့အတွက် အရည်အသွေးကျဆင်းမှု မရှိအောင် ဌာနအနေနဲ့ မျိုးစေ့ထုတ်စိုက်ခင်းတွေကို သီးခြားစိုက်ပျိုးထားတာ ရှိပါတယ်။ တောင်သူတွေ ထွက်နှုန်းကောင်းအောင် ဌာနက အစဉ်တစိုက်ဆောင်ရွက်ပေးပြီး ဆန်အရည်အသွေးကောင်းအောင် ကြိတ်ခွဲထုတ်လုပ်ရာမှာ သတ်မှတ်ချက်နဲ့အညီ ထုတ်လုပ်ဖို့လည်း ကြပ်မတ်ဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ပေါ်ဆန်းစပါးအရည်အသွေးနဲ့ အထွက်နှုန်းကို ဆက်လက်ထိန်းသိမ်းပြီး တိုးချဲ့စိုက်ပျိုးသွားဖို့ ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။
မိုးစပါးအဖြစ် စိုက်ပျိုးထားသည့် ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီး၌ ဧက ၁၃ သိန်း ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၄၇၂၂၆ ဧက၊ ရန်ကုန်တိုင်းဒေသကြီး၌ ၂၇၁၄၄ ဧကနှင့် ပဲခူးတိုင်းဒေသကြီး၌ ၂၀၆၆၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရှစ်ခရိုင်ရှိ မြို့နယ်ပေါင်း ၂၀ တွင် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား၊ ဘေးကြားတောင်ပြန်နှင့် ပေါ်ဆန်းရင်မျိုးစပါး လေးမျိုးအပြင် လက်ပံပေါ်ဆန်းနှင့် သောကြာပေါ်ဆန်းမျိုးစပါးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ခုနစ်ခုတွင် ရွှေဘိုပေါ်ဆန်းနှင့် ရေဆင်းပေါ်ဆန်း (၁) မျိုးစပါးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရှစ်ခရိုင်ရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်၌ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ ရွှေနံ့သာပေါ်ဆန်း၊ ရေဆင်းပေါ်ဆန်း(၁)၊ ရေဆင်းပေါ်ဆန်း(၂) မျိုးစပါးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၌ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း (၂) မျိုးစပါးကိုလည်းကောင်း စိုက်ပျိုးထားသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ပေါ်ဆန်းရင် တစ်ဧကလျှင် ၆၅ တင်းနှင့် ၇၅ တင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ရွှေဘိုပေါ်ဆန်း တစ်ဧကလျှင် ၈၁ ဒသမ ၅၈ တင်းနှင့် ရေဆင်းပေါ်ဆန်း တစ်ဧကလျှင် ၁၁၃ ဒသမ ၁၀ တင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ပေါ်ဆန်းတစ်ဧကလျှင် ၇၂ ဒသမ ၂၅ တင်း၊ ပဲခူးတိုင်းဒေသကြီး၌ ရေဆင်းပေါ်ဆန်း(၁) တစ်ဧကလျှင် ၈၉ ဒသမ ၂၇ တင်း၊ ရေဆင်းပေါ်ဆန်း (၂) တစ်ဧကလျှင် ၉၀ ဒသမ ၄၂ တင်း ထွက်ရှိနိုင်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနများက ခန့်မှန်းထားသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး