
လီဗာပူးလ်နည်းပြ အီရာအိုလာက အာဆင်နယ်နှင့်ပွဲတွင် ပယ်နယ်တီရရှိနိုင်သည့် အခွင့်အရေး ဆုံးရှုံးခဲ့ရသည့်အတွက် နောင်တွင် မိမိ၏ ကစားသမားများကို ဒိုင်ဗင်ထိုးရန် တိုက်တွန်းသွားမည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ် ၀-၁ အာဆင်နယ်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ခေါင်းတိုက်ဂိုးသွင်းရန် ကြိုးပမ်းစဉ် အာဆင်နယ်နောက်ခံလူ တင်ဘာက အကျင်္ီကို ဆွဲထားခဲ့သော်လည်း ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် အီရာအိုလာက အီဆက်ခ်အနေဖြင့် လှဲချကာ ပယ်နယ်တီတောင်းခဲ့သင့်ကြောင်းနှင့် သေချာပေါက် ပယ်နယ်တီပေးရမည့်အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''အဲလက်စ်(အီဆက်ခ်)ရဲ့ ဖြစ်ရပ်က ပယ်နယ်တီဆိုတာ ရှင်းရှင်းလင်းလင်းရှိပါတယ်။ အကျင်္ီဆွဲလိုက်တာကို ကျွန်တော်တို့အားလုံး မြင်နိုုင်ပါတယ်။ အဲလက်စ်က သူ့ရှေ့မှာရှိနေပြီး ဂိုးပေါက်ကိုလည်း မျက်နှာမူထားပါတယ်။ ဂိုးမသွင်းနိုင်တာ အကျင်္ီကို အဆွဲခံထားရတာကြောင့်ပါ။ အဲလက်စ်သာ လှဲချခဲ့မယ်ဆိုရင် ပယ်နယ်တီပေးမှာ (၁၀၀)ရာခိုင်နှုန်းပါပဲ။ ဒါကြောင့် အဲလက်စ်အနေနဲ့ လှဲချခဲ့သင့်ပါတယ်။ ကျွန်တော်တို့ နည်းပြတွေအနေနဲ့ နောင်တစ်ချိန်မှာ အဲလက်စ်ကို၊ ကစားသမားတွေကို ဒိုင်ဗင်ထိုးဖို့ တိုက်တွန်းသင့်ပါတယ်'' ဟု အီရာအိုလာက ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ကလည်း ကင်မရာအလုံး(၅၀) တပ်ဆင်ထားသော်လည်း အလုပ်မဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုပွဲတွင် ဂိုးသွင်းခွင့် (၁၇)ကြိမ်အထိ ရရှိခဲ့သော်လည်း ဂိုးပေါက်တည့်မှုမှာမူ တစ်ကြိမ်မျှမရှိခဲ့ကြောင်း သိရသည်။