Myanmar Digital News

အမေရိကန်၌ ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးသူ ၅၁ သန်းကျော်ရှိပြီး ၂၀၂၂ ခုနှစ်ထက် များပြား

ဝါရှင်တန်  နိုဝင်ဘာ  ၁

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ  ၃၁  ရက်အထိ ကြိုတင်မဲပေးပြီးသူ မဲဆန္ဒရှင် ၅၁ သန်းကျော်ရှိကြောင်း သိရသည်။

ဖလော်ရီဒါတက္ကသိုလ် ရွေးကောက်ပွဲဆိုင်ရာ သုတေသနဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးသူဦးရေသည်  ၂၀၂၂  ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း ကြိုတင်မဲပေးခဲ့သူ  စုစုပေါင်း ဦးရေထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

တောင်ပိုင်းဗာဂျီးနီးယားဒေသ၌  လူကိုယ်တိုင် ကြိုတင်မဲပေးနိုင်သည့် နောက်ဆုံးရက်ဖြစ်သော အောက်တိုဘာ  ၃၁ ရက်က မဲပေးရန် စောင့်ဆိုင်းနေသူများဖြင့်  မဲရုံများတွင်  လူတန်းရှည်ကြီး   ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်သတင်းဝက်ဘ်ဆိုက်  Axios  ၏ ဖော်ပြချက်အရ ယခုရွေးကောက်ပွဲတွင် မဲပေးသူစုစုပေါင်းဦးရေသည်   ၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလထက် ပိုမိုများပြားလာနိုင်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက  ခန့်မှန်းထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲရလဒ်သည် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့်  အခြေအနေဖြစ်လာနိုင်ကြောင်းလည်း  အသက်  ၄၀  အရွယ် မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။             

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News