ဟနွိုင်း နိုဝင်ဘာ ၁
ဗီယက်နမ်အစိုးရသည် ဓာတ်ဆီအမျိုးအစားအားလုံးအပေါ် ကောက်ခံသည့် အထူးစားသုံးခွန်နှုန်းထားကို နိုဝင်ဘာ ၁ ရက်မှစ၍ ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်အထိ သုညရာခိုင်နှုန်းသတ်မှတ်လိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည့်အစိုးရဆုံးဖြတ်ချက်အရ သိရသည်။
ယခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည့် အထူးစားသုံးခွန် ဥပဒေအရ ရိုးရိုးဓာတ်ဆီအပေါ် အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း၊ E5 ဇီဝလောင်စာဆီအပေါ် ရှစ်ရာခိုင်နှုန်းနှင့် E10 ဇီဝလောင်စာဆီအပေါ် ခုနစ်ရာခိုင်နှုန်း သတ်မှတ်ထားခဲ့သည်။
ယခင်ကလည်း ပြည်တွင်းလောင်စာဆီဈေးကွက် တည်ငြိမ်စေရန် ရည်ရွယ်၍ အဆိုပါအခွန်နှုန်းထားကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ သုညရာခိုင်နှုန်း လျှော့ချသတ်မှတ်ခဲ့ကြောင်းနှင့် ဓာတ်ဆီနှင့် ဒီဇယ်အပါအဝင် လောင်စာဆီများအပေါ် ကောက်ခံသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခွန်ကိုလည်း တစ်လီတာလျှင် ဗီယက်နမ် ဒေါင်သုညနှုန်းဖြင့် ဆက်လက်သတ်မှတ်ထားကြောင်း သိရသည်။
ဆင်ဟွာ