
ခရီးဆုံးလို့ ကားပါကင်ထိုးခါနီးမှာ အဲကွန်းကိုရော စက်ကိုရော တပြိုင်နက်တည်း အပြီးပိတ်လိုက်လေ့ရှိလား 🚗
အဲကွန်းခလုတ် (A/C) မပိတ်ဘဲ တန်းပြီး ကားနားလိုက်တဲ့အကျင့်ဟာ ရေရှည်မှာ ကားထဲကနေ ဖားဥနံ့လိုလို အနံ့ဆိုးတွေထွက်လာစေပြီး မှိုစွဲရခြင်းရဲ့ တရားခံ ဖြစ်နေတတ်ပါတယ် 📊
၁။ အဲကွန်းခလုတ် ကြိုမပိတ်ရင် ဘာလို့ အနံ့ဆိုးထွက်တာလဲ 💨🦠
အဲကွန်းဖွင့်မောင်းချိန်မှာ ကားဒက်ရှ်ဘုတ်အောက်က Evaporator (အအေးပေးကွိုင်) ဟာ အရမ်းအေးနေပြီး မျက်နှာပြင်ပေါ်မှာ ရေငွေ့နဲ့ ရေစက်တွေ ပိတ်ခဲနေတာ ဖြစ်ပါတယ် ⚙️
အဲ့ဒီအချိန်မှာ အဲကွန်းမပိတ်ဘဲ စက်တန်းပိတ်လိုက်ရင် အဲ့ဒီရေငွေ့တွေက မခြောက်နိုင်ဘဲ အဲကွန်းပိုက်လိုင်းထဲမှာ သောင်တင်ကျန်ခဲ့ပါတယ်။ ဒါကြောင့် မှောင်မည်းပြီး စိုစွတ်တဲ့အဲကွန်းလိုင်းထဲမှာ ဗက်တီးရီးယားနဲ့ မှို (Mold) တွေ အလွယ်တကူ ပေါက်ဖွားလာပြီး ကားထဲဝင်လိုက်တာနဲ့ အုန်းစော်နံတဲ့ အနံ့အသက်ဆိုးတွေကို ကြုံရတာ ဖြစ်ပါတယ် 📉
၂။ အနံ့ဆိုးမထွက်အောင် ခရီးမဆုံးခင် ကြိုပိတ်နည်း ❄️🛡️
ဖြေရှင်းရတာ လွယ်လွယ်လေးပါ - မိမိခရီးဆုံးမယ့်နေရာကို မရောက်ခင် ၅ မိနစ် အလိုလောက်မှာ ကားပေါ်က A/C ခလုတ်ကိုပဲ အရင်ပိတ် လိုက်ပါ (ကွန်ပရက်ဆာ ရပ်သွားပါလိမ့်မယ်) 🕹️
ဒါပေမဲ့ လေမှုတ်တံခလုတ် Blower (Fan) ကိုတော့ ပိတ်မပစ်ဘဲ ဆက်ဖွင့် ထားပေးရပါမယ်။
ဒီလိုလုပ်ပေးရင် သာမန်လေတွေက အအေးပေးကွိုင်ပေါ်က ရေစက်တွေကို အမြန်ဆုံး ခြောက်သွေ့အောင် မှုတ်ထုတ်ပေးသွားလို့ မှိုမစွဲတော့ဘဲ ကားထဲမှာ အမြဲတမ်း လေထုလတ်ဆတ်နေမှာ ဖြစ်ပါတယ် ⚡
ဒါကြောင့် ခရီးမဆုံးခင် A/C ခလုတ် ကြိုပိတ်ပြီး လေမှုတ်တံနဲ့ အခြောက်ခံပေးတဲ့ အကျင့်လေးကို လုပ်ပေးသင့်ပါတယ် ✨ ဒါဟာ အနံ့ဆိုးကို ကာကွယ်ပေးရုံတင်မကဘဲ နောက်တစ်ကြိမ် ကားပြန်နှိုးတဲ့အခါမှာလည်း
အင်ဂျင်ပေါ်မှာ အဲကွန်းရဲ့ ဝန် (Load) ပိမနေတော့လို့ ကားဘက်ထရီနဲ့ လျှပ်စစ်စနစ်ကိုပါ ပိုပြီး ကြာရှည်ခံစေပါတယ် 🤝🏎️
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com