ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အဖြစ်လာရောက်ကစားခဲ့တဲ့ အာဆင်နယ်အသင်းက ကိုင်ဟာဗက်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယားထိပ်တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးအသင်းကို ယခုလို အနိုင် ရရှိခဲ့ခြင်းဟာ လီဗာပူးအသင်းအိမ်ကွင်း၌ ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက နောက်ဆုံးနိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ကိုးမှတ်အကွာ အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
လက်ရှိပရီမီယာလိဂ်ချန်ပီယံအာဆင်နယ်အသင်းအနေနဲ့ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို သုံးမှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်