ပုသိမ် နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းဖူဆယ်အားကစားရုံတွင် ယနေ့နံနက်ပိုင်းက (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ပုသိမ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပုသိမ်မြို့နယ်အသင်းမှ ခြောက်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ပုသိမ်မြို့နယ်အသင်းအား ဂုဏ်ပြုဆုနှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ နှစ်သိမ့်ဆုရရှိသော သာပေါင်းမြို့နယ်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)