ဝါရှင်တန် နိုဝင်ဘာ ၂
လူကိုးဦး လိုက်ပါလာသော လေယာဉ်တစ်စင်းသည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ လူနေရပ်ကွက် တစ်ခုအတွင်းသို့ နိုဝင်ဘာ ၁ ရက်တွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီက ပြောကြားသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် Learjet 60 အမျိုးအစား လေယာဉ်တစ်စင်းသည် ဖလော်ရီဒါပြည်နယ် ခရက်စ်ဟေဗင်ဒေသအနီးရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း ဒပ်ဖီက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။
အဆိုပါလေယာဉ်သည် တက္ကဆက်ပြည်နယ် အော်စတင်မြို့မှထွက်ခွာလာပြီး ဘဟားမားစ်နိုင်ငံသို့ ဦးတည်ပျံသန်းနေခြင်းဖြစ်ကြောင်း၊ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ပံ့ပိုးကူညီရန် အခင်းဖြစ်ပွားရာနေရာသို့ ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဌာနမှ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြေပြင်ပေါ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ လေယာဉ်ပျက်မကျမီ မိနစ်ပိုင်း အလိုတွင် လေယာဉ်မှူးက လေယာဉ်တောင်ပံပေါ် သို့မဟုတ် အစိတ်အပိုင်းများပေါ်သို့ ရေခဲများ စုပုံတွယ်ကပ်လာနေကြောင်းနှင့် အလယ်အလတ်အဆင့်ရှိ လေထုမငြိမ်သက်မှုကို ကြုံတွေ့နေရကြောင်း သတင်းပေးပို့ခဲ့သည်ဟု LiveATC.net က ဖမ်းယူရရှိထားသည့် လေကြောင်းထိန်းချုပ်ရေး ရေဒီယိုဆက်သွယ်ပြောကြားမှု အသံမှတ်တမ်းအရ သိရသည်။
ဆင်ဟွာ