နိုဝင်ဘာ ၃
ကမ္ဘာလုံးဆိုင်ရာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုများနှင့် သေဆုံးမှုများသည် ၂၀၅၀ ခုနှစ်တွင် ၂၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၃၉ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သုတေသနအသစ်တစ်ခုက တွေ့ရှိခဲ့သည်။
သြစတြေးလျနှင့် နိုင်ငံတကာသုတေသီများသည် ၁၉၉၀ မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၄ ခုတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ကျန်းမာရေးဆုံးရှုံးမှုများကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ၂၀၅၀ ခုနှစ်အတွက် ခန့်မှန်းထားကြောင်း Australian Science Media Center ဝက်ဘ်ဆိုက်တွင် ယနေ့ဖော်ပြထားသော လေ့လာမှုအကျဉ်းချုပ်အရ သိရသည်။
ကမ္ဘာတစ်ဝန်း၌ ၂၀၂၃ ခုနှစ်က ရောဂါဖြစ်ပွားမှုအသစ် ခန့်မှန်းခြေ ၈၈၇၀၀၀ ရှိခဲ့ပြီး သေဆုံးသူ ၃၆၉၀၀၀ ဦး ရှိခဲ့သည်။
Nature Medicine ဂျာနယ်တွင် ဖော်ပြထားသော ရောဂါခန့်မှန်းတွက်ချက်မှုဆိုင်ရာ လေ့လာမှုအရ ၂၀၅၀ ပြည့်နှစ်တွင် နှစ်စဉ်ရောဂါဖြစ်ပွားမှုအသစ် အရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁ ဒသမ ၀၈ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် ရောဂါကြောင့် သေဆုံးမှုနှုန်းမှာလည်း ၃၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကာ နှစ်စဉ်သေဆုံးသူ ၅၂၂၀၀၀ ဦးအထိ ရှိလာနိုင်ကြောင်း အဆိုပါလေ့လာမှုက ခန့်မှန်းထားသည်။
အဆိုပါဒေသတွင် ထိုရောဂါဖြစ်ပွားမှုနှုန်း ၈၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာနိုင်ပြီး သေဆုံးမှုနှုန်း ၉၅ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။
၂၀၅၀ ပြည့်နှစ်တွင် ယင်းရောဂါကြောင့် သေဆုံးသူဦးရေ ခန့်မှန်းခြေ ၂၀၆၀၀၀ အထိ ရှိလာနိုင်ကြောင်း လေ့လာမှုရလဒ်များက ဖော်ပြထားသည်။
ဆာဟာရသဲကန္တာရတောင်ဘက်ရှိ အာဖရိကဒေသ (Sub-Saharan Africa) သည် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး မြင့်တက်လာမည့်ဒေသဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ ခန့်မှန်းထားသည်။
လေ့လာမှုအရ လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေများအတိုင်း ဆက်လက်ဖြစ်ပွားနေပါက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ဒေသကြီး ခုနစ်ခုအနက် မည်သည့်ဒေသမျှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သားအိမ်ခေါင်းကင်ဆာ ပပျောက်ရေး သတ်မှတ်ချက်ကို ပြည့်မီနိုင်မည်မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ သားအိမ်ခေါင်းကင်ဆာ ပပျောက်ရေးအဆင့်သို့ ရောက်ရှိရန် အမျိုးသမီးဦးရေ ၁၀၀၀၀၀ လျှင် ရောဂါဖြစ်ပွားသူ လေးဦးအောက်သာ ရှိရမည်ဟု သိရသည်။
၂၀၂၃ ခုနှစ်တွင် အသက်အရွယ်အလိုက် စံသတ်မှတ်ထားသော သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းသည် ဝင်ငွေမြင့်နိုင်ငံများတွင်ထက် ဝင်ငွေနည်းနိုင်ငံများတွင် လေးဆကျော် ပိုများခဲ့ပြီး သေဆုံးမှုနှုန်း ခုနစ်ဆကျော် ပိုမိုများပြားကြောင်း ထိုလေ့လာမှုက ဖော်ပြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို