စပိန်တင်းနစ်အကျော်အမော် ကားလို့စ် အယ်ကာရက်ဇ်သည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့သည့် ဗီယင်နာအိုးပင်းတင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဩစတြေးလျတင်းနစ် ကစားသမား အဲလက်စ်ဒီမီနောကို ၆-၁၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အယ်ကာရက်ဇ်သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် အေတီပီ ၅၀၀ အဆင့်ပြိုင်ပွဲများတွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိဘဲ ၁၆ ပွဲဆက် နိုင်ပွဲရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ၎င်းသည် အေတီပီ ၅၀၀ အဆင့်ပြိုင်ပွဲများ တွင် ၂၀၂၅ ခုနှစ် ဘာစီလိုနာအိုးပင်း ပြိုင်ပွဲပြီးနောက် ၂၆ ပွဲဆက် နိုင်ပွဲရရှိမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဗီယင်နာအိုးပင်းတင်းနစ်ပြိုင်ပွဲသည် အေတီပီ ၅၀၀ အဆင့်ရှိ ပြိုင်ပွဲအမျိုးအစားဖြစ်ပြီး ဇဗဲရက်ဗ်၊ ပေါလ်၊ မက်ဗီဒက်ဗ်၊ ဂရိတ်စပူးလ်၊ မူဆက်တီ စသည့် ထိပ်တန်းတင်းနစ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဒီမီနောသည် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် ဂျာမနီတင်းနစ် အကျော်အမော် အလက်ဇန္ဒား ဇဗဲရက်ဗ်ကို အနိုင်ယူ ကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းလာသော်လည်း အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့သည်။ အယ်ကာရက်ဇ်သည် ဒီမီနောနှင့် ထိပ်တိုက်တွေ့ဆုံသည့် ခုနစ်ကြိမ်တွင် ခုနစ်ကြိမ်စလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားသည်။
အဆိုပါပြိုင်ပွဲ၏ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဩစတြီးယားတင်းနစ်ကစားသမားများဖြစ်သည့် နေးလ်အိုဘာ လိုက်တနာနှင့် လူးကပ်စ်မဲလ်ဒါအတွဲက အမေရိကန်တင်းနစ်ကစားသမားများဖြစ်သည့် ရွိုင်ယန်ဆက်ဂါမန်နှင့် လာနာတီယန်အတွဲကို ၆-၁ ၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အောင်ဇော်