နိုဝင်ဘာ ၃
အိန္ဒိယတောင်ပိုင်းကမ်းရိုးတန်းဒေသများသို့ ယနေ့အစောပိုင်းက တစ်နာရီလျှင် ၁၂၀ ကီလိုမီတာအထိ လေတိုက်နှုန်းရှိသော မူရားစုဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနမှ ဒေသခံအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်သည် ထိခိုက်မှုအများဆုံးဒေသဖြစ်သည်ဟု သိရသည်။
အဆိုပါမုန်တိုင်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အန်ဒရာပရာဒေ့ရှ်နှင့် အိုဒီရှာပြည်နယ်တို့တွင် လူ ၁၀ ဦးကျော် သေဆုံးခဲ့သည့် အာနပ်ဆိုင်ကလုန်းမုန်တိုင်းပြီးနောက် နိုင်ငံ၏ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမူရားစုနှင့်အတူ တိုက်ခတ်လာသောလေပြင်းများကြောင့်အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ခရိုင်အတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
အိမ်တွင်း၌နေထိုင်ရန်ညွှန်ကြားထားသော်လည်း ထိုဒေသများတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်ခဲ့ရကြောင်း၊ ယခုအချိန်အထိ လူသေဆုံးမှုသတင်းများ မရှိသေးသော်လည်း သစ်ပင်အများအပြား အမြစ်မှ ကျွတ်ထွက်ခဲ့ကြောင်းနှင့် ထိခိုက်ခံရသောဒေသများတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ထိုဆိုင်ကလုန်းမုန်တိုင်းကြောင့် အန်ဒရာပရာဒေ့ရှ်နှင့် အိမ်နီးချင်း တမီလ်နာဒူးပြည်နယ်ရှိ လေဆိပ်များမှ နိုင်ငံတကာလေယာဉ်ခရီးစဉ် နှစ်ခုအပါအဝင် လေယာဉ်ခရီးစဉ် ၂၀ ကျော်ကို ဖျက်သိမ်းခဲ့ရသည် သို့မဟုတ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို