နိုဝင်ဘာ ၃
နီပေါနိုင်ငံသည် အောက်တိုဘာလတွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများသိသိသာသာ မြင့်တက် လာခြင်းကြောင့်ဖြစ်သည်ဟု နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက နိုင်ငံခြားခရီးသွား ၁၂၈၄၄၃ ဦး လာရောက်လည်ပတ်ခဲ့ရာမှ ယခုနှစ်အောက်တိုဘာလတွင် ခရီးသွား ၁၃၂၈၁၄ ဦး အထိလာရောက်မှုရှိကြောင်း ဘုတ်အဖွဲ့က အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ယခင်နှစ် အလားတူလက အမေရိကန်ခရီးသွား ၁၃၂၈၆ ဦး ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၁၇၄၃၇ ဦးအထိ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၆၇၅၅ ဦးမှ ၁၁၆၉၅ ဦးအထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။
သို့ရာတွင် အိန္ဒိယခရီးသွားအရေအတွက်သည် ထိုကာလအတွင်း ၁၇၂၉၈ ဦးမှ ၁၂၀၉၇ ဦးအထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို